You are here
Home > Real Estate News > ပြည်သူများ နေအိမ်ခန်းများ ပိုင်ဆိုင်ရန် နှစ် ၃၀ အရစ်ကျ ချေးငွေ စနစ်ဖြင့် လုပ်ဆောင်မည်ဟုဆို

ပြည်သူများ နေအိမ်ခန်းများ ပိုင်ဆိုင်ရန် နှစ် ၃၀ အရစ်ကျ ချေးငွေ စနစ်ဖြင့် လုပ်ဆောင်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အိမ်ခန်းများကို ၀ယ်ယူပိုင်ဆိုင်နိုင်ရန်အတွက် နှစ် ၃၀ အရစ်ကျငွေပေးချေစနစ်ဖြင့် လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စက်မှုလုက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိဝင်ငွေ နည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တည်ထောင်၍ အိမ်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကနေဦးလက်ငင်းပေးသွင်း၍ ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျပေးချေစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူများအတွက်အခက်အခဲများ ရှိနေကြောင်း ၀န်ကြီးက ပြောသည်။ “အိမ်ခန်းတန် ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးချေပြီးကျန်ငွေကို ၁၀ နှစ်ဝန်းကျင်အထိ အရစ်ကျငွေ ပေးချေစနစ်နဲ့ ရောင်းချခဲ့ပေမယ့် ပြည်သူတွေအတွက် အခက်အခဲရှိနေလို့ ၃၀ ရာခိုင်နှုန်း ကနဦးလက်ငင်းငွေပေးချေမှုကို ဖြေလျှော့ပြီး နှစ် ၃၀ အထိ အရစ်ကျငွေပေးချေစနစ်နဲ့ ၀ယ်ယူပိုင်ဆိုင်နိုင်အောင် ပြည်ထောင်စုအဆင့်နဲ့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top