You are here
Home > Business News > အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်ရန် စဉ်းစားနေဟု ၀န်ကြီးပြော

အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်ရန် စဉ်းစားနေဟု ၀န်ကြီးပြော

မြန်မာ့ အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေခြင်းကြောင့် အခွန်နှုန်းထားစည်းကြပ်မှုအပေါ် ပြန်လည်ပြင်ဆင်ရန် စဉ်းစားနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
လက်ရှိအခွန်နှုန်းထားသည် ၀င်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိပါက ၁ ကျပ်မှ ကျပ် သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံနေခြင်းသည် အခွန်ပမာဏများပြားနေသည်ဖြစ်၍ အိမ်ခြံမြေ အရောင်းအ၀ယ် အေးစက်နေခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြော သည်။ “လက်ရှိအစိုးရအနေနဲ့ အများပြည်သူထံက အခွန်ကောက်ခံရာမှာ အခွန်နှုန်းထားတိုးမြှင့်ရမယ်ဆိုတဲ့ သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းသူများ ပါဝင်လာ နိုင်တဲ့ အခွန်စနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်ပါတယ်။ အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်သင့်မသင့်ကို အစိုးရအနေနဲ့ စဉ်းစားနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

Leave a Reply

Top