You are here
Home > Business News > မန္တလေးတိုင်း၌ အိမ်ခန်းပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း ဖော်ထုတ်မည်

မန္တလေးတိုင်း၌ အိမ်ခန်းပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း ဖော်ထုတ်မည်

မန္တလေးတိုင်း ဒေသကြီးအတွင်း အိမ်ခန်းပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည့် မြို့ပြ အိမ်ရာ စီမံကိန်းတစ်ခုကို ယခု ဘဏ္ဍာရေးနှစ်အတွင်း ဖော်ဆောင်သွားမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုါ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သလို လွှတ်တော် မှ ဘတ်ဂျက်ငွေခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းဆောင်ရွက်ရန် မြေနေရာ သတ်မှတ်ထားခြင်းမရှိသလို ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွအနီး ဖော်ဆောင်ရန် လျာထားကြောင်း ၎င်းက ပြောသည်။ “လက်ရှိမှာတော့ မြေနေရာအခက်အခဲ ရှိနေပါသေးတယ်။ ဘယ်နေရာဆောက်လုပ်မယ်ဆိုတာကို အသေးစိတ်ပြောလို့ မရသေးပါဘူး။ မြေနေရာသတ်မှတ်ပြီးမှ တင်ဒါခေါ်ပြီး လုပ်ငန်းစတင်လို့ ရမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top