You are here
Home > Business News > ဒလမြို့နယ်၌ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ဒလမြို့နယ်၌ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ပင်လယ်ပြင်ကို မျက်နှာမူပြီး ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၀ ရက်နေ့တွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် အတွက် အထူးစီးပွားရေးဇုန်များတည်ဆောက်သွားမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များ တည်ဆောက်ရာတွင် ပင်လယ်ပြင်သို့ မျက်နှာမူထားသောဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်ကို တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ “အထူးစီးပွား ရေးဇုန်ကို တည်ဆောက်ရာမှာ ပြည်ထောင်စု ဥပဒေနဲ့အညီ ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအနီးမှာ တည်ရှိနေတဲ့အတွက် ဒီအချက်ကို အသုံးပြုပြီး ယူနန်-ရန်ကုန်စင်္ကြန်လမ်းမကြီးပေါ်ကနေ ကုန်စည်တွေကို ရန်ကုန်ဆိပ်ကမ်းကနေ တင်ပို့နိုင်အောင်နဲ့ ရန်ကုန်အထူးစီးပွားရေးဇုန်တွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နိုင်ငံတကာကို ဖြန့်ကျက်သွားနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၀န်ကြီးချုပ်က ပြောသည်။

Leave a Reply

Top