You are here
Home > Business News > တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိဟုဆို

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိဟုဆို

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို တည်ဆောက်အကောက်အထည်ဖော်ရန် အတွက် မြေနေရာအခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးတင်မြင့်အောင်က မေလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ညီလာခံ၌ ပြောကြားခဲ့သည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပြည်သူ့အိမ်ရာစီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် အထူးစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။ “တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ တည်ဆောက်ဖို့အတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ မြေနေရာရရှိထားတယ်ဆိုပေမယ့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြေနေရာရရှိဖို့ အခက်အခဲရှိပါတယ်။ အစိုးရတွေနဲ့ မြေနေရာတွေကို ထပ်မံချထားပေးဖို့ လိုအပ်တဲ့အပြင် စီမံကိန်းဒေသမှာ နေထိုင်မယ့် အရေအတွက်ကိုလည်း စာရင်း ကောက်ယူဖို့လိုပါတယ်။ မြေနေရာရှိတာ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းအနေနဲ့ စတင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top