You are here
Home > Business News > မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမူစာရင်းဝင်ရန် ၃ နှစ်ခန့်ကြာမြင့်နိုင်ဟုဆို

မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမူစာရင်းဝင်ရန် ၃ နှစ်ခန့်ကြာမြင့်နိုင်ဟုဆို

မြောက်ဦးဒေသကို ကမ္ဘ့ာယဉ်ကျေးမူအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိရာတွင် ၃ နှစ်ခန့်ကြာမြင့်နိုင်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနညွန်ကြားရေးမူးချုပ်ဦးကျော်ဦးလွင်ကပြောသည်။
မြောက်ဦးဒေသကို ကမ္ဘာ့ ယဉ်ကျေးမူအမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်ကိစ္စကို ဒေသခံများ ပူပေါင်းပါဝင်ရန် လိုအပ်ပြီး ၂၀၁၇ ခုနှစ်မေလမှ စတင်တောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၌ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ်အသိအမှတ်ပြု သတ်မှတ်ခံရနိုင်သည်ဟု ၄င်းကပြောသည်။ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မူနဲ့ ဒေသတွင်းသိရှိရေးအတွက်ဟောပြောပွဲတွေလုပ်ရမှာပါ။ ကျွန်တော်တို့ချည်းပဲတော့မရပါဘူး။ ရှေးဟောင်းအမွေအနှစ်ထိန်းသိန်းရေးအဖွဲ့တွေ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အလှူရှင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်လုပ်ငန်းဖြစ်ပါတယ်။ အဖွဲ့တွေဖွဲ့မယ် လုပ်ငန်းတွေ ခွဲဝေမယ် မြေပုံရေးဆွဲမယ် စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ရှိပါတယ်။ ဦးစားပေးအနေနဲ့က မြောက်ဦးရဲ့ ရေသွင်းရေထုတ်စနစ်တွေ သုတေသနလုပ်မှာပါ။ အခြားသုတေသနလုပ်ငန်းတွေလည်း လုပ်ဖို့ရှိပါတယ်ဟု ၄င်းကပြောသည်။

Leave a Reply

Top