You are here
Home > Business News > အပူပိုင်းဒေသ စိမ်းလန်းရေးအတွက် ကျပ်သန်း ၄၈၀ သုံးစွဲမည်

အပူပိုင်းဒေသ စိမ်းလန်းရေးအတွက် ကျပ်သန်း ၄၈၀ သုံးစွဲမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဒေသများ စိမ်းလန်းစိုပြေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းကျပ်သန်း ၄၈၀ ခန့် သုံးစွဲသွားမည်ဟု အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန အနေဖြင့် အပူပိုင်းဒေသများတွင် ရေကန်များ တူဖော်ခြင်း မြေအောက်ရေတွင်းများတူဖော်ခြင်း သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်သား နွားထိုးကြိုး မြင်းခြံ ရမည်းသင် ကျောက်ပန်းတောင်းနှင့် သာစည်မြို့နယ်တို့တွင် ၁.၇၃၃ သန်းတန်းဖိုးရှိသော ရေကန်တူဖော်ခြင်းလုပ်ငန်း ပျော်ဖွယ်မြို့နယ်တွင် တန်ဖိုး ၃.၄၄၀ သန်းရှိသော မြေအောက်ရေတွင်းတတွင်း တူဖော်ခြင်းလုပ်ငန်း ကျောက်ဆည် မိတ္ထီလာ မြင်းခြံ ရမည်းသင်းနှင့် ညောင်ဦးခရိုင်တို့တွင် ကျပ် ၄၆၀.၀၅၉ သန်းကုန်ကျမည့် သစ်တောစိုက်ခင်းများကို တည်ထောင်သွားမည်ဖြစ်သည်။

Leave a Reply

Top