You are here
Home > 2017 > June

ကျူးကျော်များကို နေရာချထားပေးမည့် ဧရိယာတစ်ခု သတ်မှတ်မည်ဟု ၀န်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများအား နေရာချထားပေးမည့်ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ကျူးကျော်နေထိုင်သူများအား ဧရိယာတစ်ခုသတ်မှတ်၍ နေရာချထားပေးရန် ဆောင်ရွက်ရာ၌ အမှန်တကယ် ကျူးကျော်နေထိုင်သူများကိုသာ စီစဉ်ပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်ထားသူများကို စိစစ်အရေးယူမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ “ကျူးကျော်မဟုတ်ဘဲ အစိုးရကို လိမ်လည်လျှောက်ထားတဲ့ သူတွေကို စိစစ်အရေးယူသွားမှာပါ။ ကျူးကျော်တွေကို နေရာချထားပေးဖို့အတွက် ဧရိယာ တစ်ခု ရွေးချယ်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ကျူးကျော်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျူးကျော်တွေကို နေရာချထားပေးရာမှာလည်း အခက်အခဲတွေ ခံစားခဲ့ရတဲ့ ပြည်သူတွေလည်း များစွားရှိပါတယ်။ ဒါကြောင့် ကျူးကျော်တွေကို စနစ်တကျနေရာချထားနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူထားရာတွင် ကျူးကျော်နေထိုင်သူ

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁.၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်အကောင်အထည်ဖော်နေသော သီလ၀ါ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ပြီးပါက ဒေါ်လာ ၁.၇ ဘီလီယံအထိ လာရောက် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားသည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။ လက်ရှိအချိန်တွင် သီလ၀ါ အထူးစီးပွားရေးဇုန် (A) တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၂ မှ လာရောက် ရင်းနှီးမြှုပ်နှံ၍ အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်လုပ်ငန်း၊ အရုပ်စက်ရုံ၊ ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံများသည် သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်သည့်စက်ရုံများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ အစားအစာနှင့် အလူမီနီယမ်၊ စက်သုံးဆီ၊ လယ်ယာသုံးစက်ကိရိယာများ၊ ဆေးဝါး၊ ဓာတ်မြေသြဇာ

တန်ဖိုးနည်းအိမ်ရာများအတွက် ကနဦးပေးသွင်းငွေပမာဏ လျှော့ချမည်

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူများအတွက် ကနဦးပေးသွင်းရသော အိမ်ရာတန်ဖိုး ငွေပမာဏကို ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု အိုးအိမ်နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည် တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူများအတွက် အရစ်ကျငွေပေးသွင်းကာလကို လက်ရှိတွင် ၁၀ နှသ်အထိသာ ပေးသွင်းကာလကို လက်ရှိတွင် ၂၀ နှစ်အထိသာ ပေးနိုင်သေးကြောင်း၊ မိသားစုဝင်ငွေတလ ၃ သိန်းခန့် ရရှိသော ၀င်ငွေနည်းပြည်သူများတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးနည်းတိုက်ခန်းများကို ရောင်းချ ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “ချေးငွေကာလကိုသက်တမ်းပိုကြာကြာချေးနိုင်မှ လက်ငင်းငွေချေမှုကိုပါ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးနည်း အိမ်ရာဝယ်ယူလိုသူတွေအတွက် လက်ငင်းငွေပေးသွင်းရတဲ့ ပမာဏကို လျှော့ချနိုင်ဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တတ်ဖိုးသင့်အိမ်ရာ နှစ်ရှည်ချေးငွေအတိုးနှုန်းသင့်တင့်မျှတဟုဆို

တန်ဖိုးသင့်အိမ်ရာများ ၀ယ်ယူရန်အတွက် ဘဏ်များမှ နှစ်ရှည်ချေးငွေပေးနေသော အတိုးနှုန်းသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေသော်လည်း မြန်မာနိုင်ငံအနေအထားနှင့် နှိုင်းယှဉ်ပါက သင့်တင့်မျှတမှုရှိသည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ ဈေးကွက်ဌာနလက်ထောက်မန်နေဂျာ ဦးဟိန်းဝေအောင်က ပြောသည်။ အာဆီယံနိုင်ငံများတွင် အိမ်ဝယ်ယူရန် နှစ်ရှည်ချေးငွေကို အတိုးနှုန်း ၆ ရာခိုင်နှုန်းသာ ယူလေ့ရှိသော် လည်း မြန်မာနိုင်ငံ၌ ၁၃ ရာခိုင်နှုန်းအတိုးယူနေမှုအပေါ် ဝေဖန်မှုများရှိနေကြောင်း၊ ပြည်တွင်းဘဏ်များ၌ အပ်နှံထားသော ငွေပမဏများပြားပါက ချေးငွေအပေါ် အတိုးနှုန်းလျော့ကျလာနိုင်မည်ဖြစ်ပြီး ဘဏ်များသည် နိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ အိမ်ရာနှစ်ရှည်ချေးငွေက အတိုးနှုန်းများနေတဲ့အပေါ်မှာ ရှိပါတယ်။ ဘဏ်ရဲ့ သဘောအရ ဘဏ်က အပ်ငွေကို ထုတ်ချေးစနစ်နဲ့ အပ်ငွေအပေါ်

အစိုးရသစ်လက်ထက်၌ ရန်ကုန်တိုင်းအတွင်း ဟိုတယ် ၁၀၀ ကျော် ခွင့်ပြုခဲ့ဟု ၀န်ကြီးပြော

အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ခွင့်လျှောက် ထားသူ ၁၈၃ ဦးအနက် ၁၀၃ ဦးကို လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကထက် ၃၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ဟိုတယ်လုပ်ငန်းလျှောက်ထားမှုအပေါ်စိစစ်၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အစိုးရသစ်လက်ထက် တစ်နှစ်ကြာကာလအတွင်းမှာ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ တည်းခိုဆောင်လုပ်ကိုင်ခွင့်လျှောက်ထားမှုတွေကို စိစစ်ခဲ့ပါတယ်။ လျှောက်ထားမှုတွေထဲက ၁၀၃ ဦးကို ခွင့်ပြု ပေးခဲ့ပါတယ်။ ၅ ခုကို ပယ်ချပြီး ကျန်တစ်ခုကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အီတလီနိုင်ငံမှ ဒေါ်လာတစ်သန်းလှူဒါန်း

မြောက်ဦးဒေသဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ဖော်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းထားကြောင်း ရှေးစောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဇုန်)မှ ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ပြောသည်။ အီတလီနိုင်ငံအနေဖြင့် သရေခေတ္တရာပျူမြို့ဟောင်းနှင့် ပုဂံယဉ်ကျေးမှုနယ်မြေများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မြောက်ဦးဒေသကို ဆက်လက်ထောက်ပံ့မှုအနေဖြင့် ယခုလအတွင်း ဒေါ်လတစ်သန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အီတလီက ဒေါ်လာ တစ်သန်းလှူဒါန်းတာပါ။ အဲဒီလှူဒါန်းမှုက ယူနက်စကိုကနေလှူဒါန်းလိုက်တာဖြစ်တဲ့အတွက် လှူဒါန်း လိုက်တဲ့ငွေကို ယူနက်စကိုက ဦးဆောင်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်မှာပဲ လိုအပ်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပုဂံဇုန်နယ်နိမိတ်များ သတ်မှတ်ခြင်းကို အတည်ပြုမည်

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းကို ယခုလကုန်တွင် အတည်ပြုသတ်မှတ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံ) ညွှန့်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်ရာ၌ ဒေသခံများ နစ်နာမှုမရှိစေရန် ယခင် သတ်မှတ်ထားသည့် ဇုန်နယ်နိမိတ်များကို ထပ်မံတိုးချဲ့ပေးထားကြောင်း၊ ယခင်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ဧရိယာမှာ ဧက ၂၇၉၇၀ ခန့်သာ ရှိသော်လည်း ထပ်မံတိုးချဲ့သတ်မှတ်ပြီးပါက ဧက ၅၀၀၀၀ ကျော်အထိ ရှိလာနိုင်သည်ဟု ၎င်းက ပြောသည်။ “ဇုန်နယ်နိမိတ်သတ်မှတ်မှုကို ယခုလထဲမှာ အပြီးသတ်လုပ် ဆောင်သွားမှာပါ။ ဇုန်နယ်နိမိတ်သတ်မှတ်ပြီးမှ ယူနက်စကို့ကို တင်ပြလို့ရမှာပါ။ ဇုန်နယ်နိမိတ်သတ်မှတ်ရာမှာ မြို့ခံတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဇုန်နယ်နိမိတ်သတ်မှတ်ရာမှာ ဒေသခံတွေအတွက် ထည့်သွင်းစဉ်း စားပေးထားပါတယ်”

ပို့ကုန်လုပ်ငန်းရှင်များအား စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ ငွေချေးမည်

ပို့ကုန်လုပ်ငန်းရှင်များအား တစ်နှစ်လျှင် ချေးငွေ ၈ ရာခိုင်နှုန်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ငွေချေးမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။ ပြည်တွင်း ဘဏ်များတွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းခန့် ရှိနေပြီး အိမ်နီးချင်းနိုင်ငံများ၌ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အထိသာ ရှိခြင်းကြောင့် အစိုးရအနေဖြင့် တစ်ဆင့်ပြန်လည် ချေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာနအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို့ကုန်များ ဆုံးရှုံးမှုအာမခံပေးသည့် စနစ်ကို ဖော် ဆောင်နိုင်မည့် ဘဏ်စနစ်ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရပိုင်မြန်မာ့စီးပွားရေးဘဏ် ကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အထောက်အအူပြုသည့် ဘဏ်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထား ကြောင်း ၀န်ကြီးက ပြောသည်။ “အခုခေတ်စားနေတဲ့

မန္တလေးတောင်ခြေ၌ ညဈေးဖွင့်လှစ်မည်

မန္တလေးတောင်ခြေ၌ တည်ဆောက်နေသော ညဈေးသစ်ကို လာမည့်ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးတောင်ခြေရှိ ယခင်ရတနာပုံရေကူးကန်နေရာတွင် ညဈေးသစ်တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းညဈေးတွင် ပေ ၂၀ x ၄၀ ဆိုင်ခန်း ၆ ခန်း၊ ၁၀ ပေ x ပေ ၂၀ ဆိုင်ခန်း ၁၆ ခန်း၊ ၈ ပေပတ်လည်ဆိုင်ခန်း ၂၀၀ ပါဝင်မည်ဖြစ်ကြောင်း ယင်း စီမံကိန်းကို ဆောင်ရွက်နေသော Myanmar Dayi ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က ပြောသည်။ “ညဈေးတည်ဆောက်ဖို့အတွက် စည်ပင်သာယာက နေ BOT စနစ်နဲ့ လုပ်ကိုင်ခွင့်ရပြီးနောက်ပိုင်း ဇန်န၀ါရီလကနေ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းအရင်ရှိနေတဲ့ အဆောက်အအုံဟောင်းတွေကို

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်အသင်းကို ပြောင်းလဲ ဖွဲ့စည်းမည်

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်၍ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာင်းချသူများအသင်းကို အသင်းချုပ်အဖြစ် လာမည့် ဇူလိုင်လတွင် ပြောင်းလဲတိုးမြှင့်ဖွဲ့စည်းသါားမည်ဖြစ်ကြောင်း ယင်းအသင်းမှ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းကို အသင်းချုပ်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဆောင်ရွကနေပြီး ၂၀၁၈ ခုနှစ်၌ အသင်းချုပ်အဖြစ် ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဖွဲ့ချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ဖို့အတွက် ဥပဒေအကြံပေး တာတွေကို ဆွေးနွေးနေပါတယ်။ ပြည်နယ်တွေမှာရှိတဲ့ အစုအဖွဲ့တွေ အားကောင်းလာအောင် လုပ်ဆောင်နေ တယ်။ အဖွဲ့မရှိတဲ့နေရာတွေမှာလည်း အဖွဲ့တွေ သွားဖွဲ့တယ်။ အဖွဲ့ပုံရိပ်နဲ့ အဖွဲ့ချုပ်ပုံရိပ်ဆိုတာ အရမ်းကွားခြား ပါတယ်။ အဖွဲ့အနေနဲ့က ပိုပြီးအားကောင်လာတဲ့အတွက် လုပ်စရာတွေ များလာလို့ အဖွဲ့ချုပ်အဖြစ် ပြောင်းလဲမှာ

Top