You are here
Home > Business News > YBS ကားများကို ကားအသစ်များဖြင့် လဲလှယ်မည်ဟုဆို

YBS ကားများကို ကားအသစ်များဖြင့် လဲလှယ်မည်ဟုဆို

YBS ယာဉ်အစီးရေ ၂၀၀၀ ကျော်ကို မေလအကုန်ပိုင်း၌ ကားအသစ်များဖြင့် လဲလှယ် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
လက်ရှိ ပြေးဆွဲနေသော ကားအဟောင်းများကို အစိုးရနှင့် ကုမ္ပဏီများမှ ၀ယ်ယူထား သော ကားအသစ်များဖြင့် လဲလှယ်သွားမည်ဖြစ်ကြောင်း၊ ယာဉ်လမ်းကြောင်းပြေးဆွဲမှုများကိုလည်း တစ်ဆင့်တည်းဖြင့် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိနိုင်မည့် လမ်းကြောင်းမျိုးဖြသ်အောင် လေ့လာဆန်းစစ်၍ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “မေလကုန်လောက်မှာဆိုရင် ကားအစ်အစီးရေး ၂၅၀၀ လောက်ရောက် မယ်။ အစိုးရ ၀ယ်ထားတာကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ ကုမ္ပဏီက ၀ယ်ထားတဲ့ အစီးရေ ၁၀၀၀ ကျော်လောက်ကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ အသစ်လဲဖို့က အစီးရေ ၄၀၀၀ ကျော်လောက်ရှိမှာဆိုတော့ နောက်ထပ် ၂၀၀၀ ကျော်လောက် လိုပါသေးတယ်” ဟု ၎င်းက ပြောသည်။
ယာဉ်နောက်လိုက်များမှ ငွေကြေးကောက်ခံသည့်စနစ်ကို ရုတ်သိမ်း၍ ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်း၏ပြောကြားချက်များအရ သိရသည်။

Leave a Reply

Top