You are here
Home > Business News > ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်လှုပ်ခတ်

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်လှုပ်ခတ်

ပြင်ဦးလွင်မြို့ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ပဒေသာမြို့သစ်အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲများ ရှိနေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ပဒေသမြို့သစ် အိမ်ခြံမြေဈေးကွက်အတွင်း ရောအနေအထား၊ မြေကွက်အကျယ်နှင့် အဆောက်အအုံပေါ် မူတည်၍ ပျှမ်းမျှကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ အများဆုံးခေါ်ဈေး ရှိခဲ့သော်လည်း လက်ရှိတွင် ထက်ဝက်ခန့် လျှော့၍ ရောင်းချမှုများ ရှိနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက် လှုပ်ခတ်လာခြင်းဖြစ်ကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောသည်။ “ဈေးနှုန်းကို ထိန်းထားတဲ့သူတွေ ရှိပေမယ့်လည်း အရင်က ခေါ်တဲ့ဈေးတွေထက် သိသိသာသာ ချရောင်းတာမျိုးတွေ ရှိပါတယ်။ ပဒေသမြို့သစ်ထဲမှာ အရောင်းအ၀ယ်က နှစ်နဲ့ချီပြီး ပါးသွားတဲ့အတွက် အရင်လိုဈေးခေါ်လို့မရတော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်တွေ လုပ်လာတော့ ယခုလပိုင်းမှာ အ၀ယ်မပါးဘဲ အ၀ယ်ပြန်လိုက်လာတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top