You are here
Home > Travel > ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူမည်

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူမည်

ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုနှစ်ပွင့်လင်းရာသီတွင် ရွှေသင်္ကန်းတော်အသစ် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်အောက်၌ ကပ်လှူထားသော ရွှေသင်္ကန်းတော်၏ ရွှေပြားများသည် နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ရာ ပင်လယ်ပြင်မှတိုက်ခတ်လာသော ဆားငန်ဓာတ်ပါသည့်လေများ၊ သဘာဝဘေးအန္တရာယ်များ နှင့် ငှက်များ၏ ထိုးဆိတ်မှုကို ခံနေရကြောင်း၊ ပွင့်လင်းရာသီတွင် ရွှေတိဂုံဘုရားတွင် အသစ်ကပ်လှူမည့် ရွှေသင်္ကန်းတော်အတွက် ရွှေပိဿာချိန် ၁၀၀ ၀ယ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “အခုအသစ်ကပ်လှူမယ့် ရွှေသင်္ကန်းတော်ကို ဘေးအန္တရာယ်ခံနိုင်ဖို့အတွက် သိပ္ပံနဲ့ နည်းပညာက တာဝန်ရှိသူတွေ၊ သတ္တုတွင်းဝန်ကြီးဌာန က ပညာရှင်တွေ၊ အင်ဂျင်နီယာအသင်းက ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top