You are here
Home > Business News > အိမ်ခြံမြေရောင်းချမှုမှ အခွန်ရရှိမှု နည်းပါးနေဆဲဟုဆို

အိမ်ခြံမြေရောင်းချမှုမှ အခွန်ရရှိမှု နည်းပါးနေဆဲဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းချရာတွင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ၎င်းမှ အခွန်ဝင်ငွေရရှိမှုသည် နည်းပါးနေဆဲဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
မန္တလေးတိုင်းအတွင်း အိမ်ခြံမြေရောင်းချမှုအပေါ် အခွန်ဆောင်ရာတွင် မူလ တန်ဖိုး၏ အမြတ်အစွန်းငွေ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်ဝင်ငွေရရှိမှုသည် အရောင်းအ၀ယ်ဖြစ်မှု၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိနေကြောင်း၊ မန္တလေးတိုင်း အခွန်အကောက် ဥပဒေသစ်အရ အိမ်ခြံမြေရောင်းဝယ်ရာတွင် ၀ယ်ယူသူများမှ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ အိမ်ခြံမြေတွေကို လက်ပြောင်းလက်လွှဲရောင်းချတာတွေ များပြီး အခွန်ဆောင်ဖို့ မူလပိုင်ရှင်ကို ရှာရတာ အခက်အခဲရှိပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top