You are here
Home > Business News > ပန်းဆိုးတန်း ဆိပ်ခံတံတားကို အဆင့်မြှင့်တင်မည်

ပန်းဆိုးတန်း ဆိပ်ခံတံတားကို အဆင့်မြှင့်တင်မည်

ပန်းဆိုးတန်းဆိပ်ကမ်း၌ တံတားသစ်တစ်စင်းကို ထပ်တိုးဆောက်လုပ်မည်မဟုတ်ဘဲ လက်ရှိတံတားကို အဆင့်မြှင့်တင်ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းနှင့် ဒလသို့ ပြေးဆွဲနေသော ကူးတို့သင်္ဘောများ ဆိုက်ကပ်သည့် ပန်းဆိုးတန်းဆိပ်ခံတံတားကို မူလက အတက်တစ်စင်း၊ အဆင်းတစ်သင်း တည်ဆောက်ပေးခဲ့သော်လည်း သင်္ဘောလည်ပတ်သည့် ဧရိယာ၌ အန္တရာယ်ရှိနိုင်သည့် အနေအထားရှိနေခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “လက်ရှိဆိပ်ခံတံတားကို အသုံးပြုသွားလာနေတဲ့ ခရီးသွားပြည်သူတွေ အများအပြားရှိတဲ့အတွက် တံတားတစ်စင်းတည်းကိုပဲ အတက်အဆင်းပြုလုပ်နေရတော့ တံတားက မနိုင်ဝန်ထမ်းနေရတယ်။ နောက်ပြီး ခရီးသည် နားနေဆောင်တွေ၊ ထိုင်ခုံနဲ့ သန့်စင်ခန်းတွေကို ပြန်လည် အဆင့်မြှင့်တင်ပေးဖို့ လိုပါတယ်” ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောသည်။

Leave a Reply

Top