You are here
Home > 2017 > May

အိမ်ခြံမြေရောင်းချမှုမှ အခွန်ရရှိမှု နည်းပါးနေဆဲဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းချရာတွင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ၎င်းမှ အခွန်ဝင်ငွေရရှိမှုသည် နည်းပါးနေဆဲဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။ မန္တလေးတိုင်းအတွင်း အိမ်ခြံမြေရောင်းချမှုအပေါ် အခွန်ဆောင်ရာတွင် မူလ တန်ဖိုး၏ အမြတ်အစွန်းငွေ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်ဝင်ငွေရရှိမှုသည် အရောင်းအ၀ယ်ဖြစ်မှု၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိနေကြောင်း၊ မန္တလေးတိုင်း အခွန်အကောက် ဥပဒေသစ်အရ အိမ်ခြံမြေရောင်းဝယ်ရာတွင် ၀ယ်ယူသူများမှ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အထက်ကို ၃၀

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်လှုပ်ခတ်

ပြင်ဦးလွင်မြို့ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ပဒေသာမြို့သစ်အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲများ ရှိနေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ပဒေသမြို့သစ် အိမ်ခြံမြေဈေးကွက်အတွင်း ရောအနေအထား၊ မြေကွက်အကျယ်နှင့် အဆောက်အအုံပေါ် မူတည်၍ ပျှမ်းမျှကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ အများဆုံးခေါ်ဈေး ရှိခဲ့သော်လည်း လက်ရှိတွင် ထက်ဝက်ခန့် လျှော့၍ ရောင်းချမှုများ ရှိနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက် လှုပ်ခတ်လာခြင်းဖြစ်ကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောသည်။ “ဈေးနှုန်းကို ထိန်းထားတဲ့သူတွေ ရှိပေမယ့်လည်း အရင်က ခေါ်တဲ့ဈေးတွေထက် သိသိသာသာ ချရောင်းတာမျိုးတွေ ရှိပါတယ်။ ပဒေသမြို့သစ်ထဲမှာ အရောင်းအ၀ယ်က နှစ်နဲ့ချီပြီး ပါးသွားတဲ့အတွက် အရင်လိုဈေးခေါ်လို့မရတော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်တွေ လုပ်လာတော့

YBS ကားများကို ကားအသစ်များဖြင့် လဲလှယ်မည်ဟုဆို

YBS ယာဉ်အစီးရေ ၂၀၀၀ ကျော်ကို မေလအကုန်ပိုင်း၌ ကားအသစ်များဖြင့် လဲလှယ် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။ လက်ရှိ ပြေးဆွဲနေသော ကားအဟောင်းများကို အစိုးရနှင့် ကုမ္ပဏီများမှ ၀ယ်ယူထား သော ကားအသစ်များဖြင့် လဲလှယ်သွားမည်ဖြစ်ကြောင်း၊ ယာဉ်လမ်းကြောင်းပြေးဆွဲမှုများကိုလည်း တစ်ဆင့်တည်းဖြင့် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိနိုင်မည့် လမ်းကြောင်းမျိုးဖြသ်အောင် လေ့လာဆန်းစစ်၍ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “မေလကုန်လောက်မှာဆိုရင် ကားအစ်အစီးရေး ၂၅၀၀ လောက်ရောက် မယ်။ အစိုးရ ၀ယ်ထားတာကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ ကုမ္ပဏီက ၀ယ်ထားတဲ့ အစီးရေ ၁၀၀၀ ကျော်လောက်ကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ အသစ်လဲဖို့က အစီးရေ

ပန်းဆိုးတန်း ဆိပ်ခံတံတားကို အဆင့်မြှင့်တင်မည်

ပန်းဆိုးတန်းဆိပ်ကမ်း၌ တံတားသစ်တစ်စင်းကို ထပ်တိုးဆောက်လုပ်မည်မဟုတ်ဘဲ လက်ရှိတံတားကို အဆင့်မြှင့်တင်ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းနှင့် ဒလသို့ ပြေးဆွဲနေသော ကူးတို့သင်္ဘောများ ဆိုက်ကပ်သည့် ပန်းဆိုးတန်းဆိပ်ခံတံတားကို မူလက အတက်တစ်စင်း၊ အဆင်းတစ်သင်း တည်ဆောက်ပေးခဲ့သော်လည်း သင်္ဘောလည်ပတ်သည့် ဧရိယာ၌ အန္တရာယ်ရှိနိုင်သည့် အနေအထားရှိနေခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “လက်ရှိဆိပ်ခံတံတားကို အသုံးပြုသွားလာနေတဲ့ ခရီးသွားပြည်သူတွေ အများအပြားရှိတဲ့အတွက် တံတားတစ်စင်းတည်းကိုပဲ အတက်အဆင်းပြုလုပ်နေရတော့ တံတားက မနိုင်ဝန်ထမ်းနေရတယ်။ နောက်ပြီး ခရီးသည် နားနေဆောင်တွေ၊ ထိုင်ခုံနဲ့ သန့်စင်ခန်းတွေကို ပြန်လည် အဆင့်မြှင့်တင်ပေးဖို့ လိုပါတယ်” ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောသည်။

သရက်သီးနှင့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် သရက်သီးနှင့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲကို လာမည့် မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ သရက်အစုအဖွဲ့ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။ အဆိုပါ သရက်သီးနှင့် လက်ဖက်ပြပွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့မျိုးရင်း သရက်သီးအားလုံးကို ပြည်သူများသိရှိအောင် ပြသသွားမည်ဖြစ်ပြီး တောင်သူများအား အသိပေးသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ရာ မိုင် ၅၀ ပတ်လည်အတွင်းရှိ တောင်သူများကို ကားဖြင့် အခမဲ့ခေါ်ယူမည်ဖြစ်ကြောင်း၊ လာရောက်ပြသမည့် သရက်သီးများကို အမျိုးအစားအလိုက် ဆုများပေးအပ်သွားမည်ဟု ၎င်းက ပြောသည်။ “ဒီပြပွဲမှာ မြန်မာတစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေ ပါဝင်ပြသမှာ ဖြစ်ပါတယ်။ သရက်သီး ၂၈ ခန်းနဲ့ လက်ဖက် ၂၈ ခန်းပါဝင် မှာဖြစ်ပါတယ်။

BPI ဆေးများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်မည်

စက်မှုဝန်ကြီးဌာနမှ ဦးစီးထုတ်လုပ်လျက်ရှိသော BPI အမှတ်တံဆိပ်ဆေးဝါးများသည် ထုတ်လုပ်နိုင်သည့် အရေအတွက်ထက် ၀ယ်လိုအားများနေခြင်းကြောင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်သွားမည်ဟု ယင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ BPI အမှတ်တံဆိပ်ဆေးဝါးများကို ရန်ကုန်နှင့် ကျောက်ဆည်၌ရှိသော ဆေးဝါးစက်ရုံများမှ ထုတ်လုပ်နေပြီး ယခုဘဏ္ဍာရေးနှစ်၌ စက်ရုံနှစ်ခုပေါင်းမှ ငွေကျပ် ၃၈ ဘီလီယံဖိုး ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ စက်မှုဝန်းကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို ဆေးဝါးထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ လိုင်စင် ၇ ခု ချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးစက်ရုံများမှ ဆေးပြား ၆၉ မျိုး၊ ဆေးမှုန့် ၁ မျိုးနှင့် ထိုးဆေး ၆၄ မျိုးတို့ကို ထုတ်လုပ်ထားကြောင်း ၎င်းက ပြောသည်။ “ယခုနှစ်အတွက် ဆေးဝါးအမှာစာအနေနဲ့က

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူမည်

ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုနှစ်ပွင့်လင်းရာသီတွင် ရွှေသင်္ကန်းတော်အသစ် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်အောက်၌ ကပ်လှူထားသော ရွှေသင်္ကန်းတော်၏ ရွှေပြားများသည် နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ရာ ပင်လယ်ပြင်မှတိုက်ခတ်လာသော ဆားငန်ဓာတ်ပါသည့်လေများ၊ သဘာဝဘေးအန္တရာယ်များ နှင့် ငှက်များ၏ ထိုးဆိတ်မှုကို ခံနေရကြောင်း၊ ပွင့်လင်းရာသီတွင် ရွှေတိဂုံဘုရားတွင် အသစ်ကပ်လှူမည့် ရွှေသင်္ကန်းတော်အတွက် ရွှေပိဿာချိန် ၁၀၀ ၀ယ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “အခုအသစ်ကပ်လှူမယ့် ရွှေသင်္ကန်းတော်ကို ဘေးအန္တရာယ်ခံနိုင်ဖို့အတွက် သိပ္ပံနဲ့ နည်းပညာက တာဝန်ရှိသူတွေ၊ သတ္တုတွင်းဝန်ကြီးဌာန က ပညာရှင်တွေ၊ အင်ဂျင်နီယာအသင်းက ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Top