You are here
Home > 2017 > April (Page 2)

စီးပွားရေးပြုပြင် ပြောင်းလဲမှုများချပြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဟု ၀န်ကြီးပြော

မြန်မာ့စီးပွားရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများကို ချပြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀၀ ခန့်အား မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၌ ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၇ မတ်လ၌ ထုတ်ပြန်မည့် နည်းဥပဒေ တို့တွင် ရပိုင်ခွင့်၊ အခွင့်အလမ်းများနှင့် ဖြေလျှော့မှုများကို နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ရှင်းပြခဲ့သည်။ “နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ရင်းနှီးမြှုပ်နှံခွင့်ရမယ် လို့ ပြောချင်ပါတယ်။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လုံလောက်သော အကာအကွယ်ပံ့ပိုးမှုများ၊ ကန့်သတ်ချုပ်ခြယ်မှုများကို

ကိုရီးယားအလုပ်အကိုင်အတွက် မြန်မာလုပ်သား ၄၁၀၀ သာ ခေါ်ယူမည်ဟုဆို

တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်ခွင့်အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာထုတ်ပေးထားသူပေါင်း ၃၀၀၀၀ ကျော်ရှိသော်လည်း ယခုနှစ်အတွက် မြန်မာလုပ်သား ၄၁၀၀ ခန့်သာ ခေါ်ယူရန် သတ်မှတ်ထားကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းလွင်က ပြောသည်။ တောင်ကိုရီးယားအလုပ်အကိုင်အတွက် အရည်အချင်း စစ်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို မတ်လ ၂၀ ရက်နေ့တွင် စတင်ထုတ်ပေးခဲ့ရာ လာရောက်ဝယ်ယူသူများပြားခဲ့ခြင်းကြောင့် ၃ ရက်မှ ၅ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။ “နှစ်စဉ်နှစ်တိုင်း အနည်းဆုံးအလုပ်သမား ၅၀၀၀ ၀န်းကျင်လောက် ခေါ်ပါ တယ်။ ဒီနှစ်မှာတော့ စာမေးပွဲ အောင်မြင်မှုနှုန်းကို ၄၁၀၀ ပဲ သတ်မှတ်ထားပါတယ်။ စာမေးပွဲဖြေဆိုခွင့်လက်မှတ်ထုတ်ပေးရာမှာလည်း အရင်နှစ်ကထက် ၀ယ်ယူမှု ပိုများလာတယ်။ အရင်နှစ်တွေတုန်းက ၁၀၀၀၀

YBS ဘတ်စ်ကားသစ်များ ဧပြီလကုန်တွင် တရုတ်နိုင်ငံမှ ရောက်ရှိမည်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများအတွက် ဘတ်စ်ကားသစ်များဝယ်ယူရန် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရအကြား အစိုးရချင်း ချိတ်ဆက်မှု စနစ်ဖြင့် ၀ယ်ယူမည်ဖြစ်ပြီး လာမည့် ဧပြီလကုန်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ YBS ယာဉ်လိုင်းများပြေးဆွဲရာတွင် ယာဉ်လိုအပ်ချက်ရှိနေခြင်းကြောင့် ပြည်ပမှ ခရီးသည်တင်ယာဉ်များ ၀ယ်ယူရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ငွေကျပ် ၆၀ ဘီလီယံ အစားထိုးအသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ “တရုတ် နိုင်ငံမှာ အသုံးပြုနေတဲ့ဘတ်စ်ကားအမျိုးအစားတူ ကားသစ်တွေကို ၀ယ်ယူဖို့ အစိုးရချင်း ညှိနှိုင်းသဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ပါတယ်။ ဧပြီလကုန်လောက်မှာ ရောက်ရှိမယ် လို့ ခန့်မှန်းထားတယ်။ ကားအမှာစာတင်တာနဲ့ သင်္ဘောတင်တဲ့အခါ အချိန် ၂ လ လောက်ကြာမြင့်တဲ့အတွက် ဧပြီလကုန်လောက်ကို

မြန်မာ့လက်ဖက်နှင့် သရက်ပြပွဲ ပြိုင်ပွဲ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် မြန်မာ့လက်ဖက်နှင့် မြန်မာ့သရက်ပြပွဲပြိုင်ပွဲကို လာမည့် မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့လက်ဖက်နှင့် မြန်မာ့သရက်ပြပွဲပြိုင်ပွဲ၌ တောင်သူများ၊ လုပ်ငန်းရှင်များ ပါဝင်လာရန် စီစဉ်ထားပြီး ပြိုင်ပွဲ၌ မြန်မာ့လက်ဖက်ရည်ဝိုင်းပြိုင်ပွဲ စသည်ဖြင့် အမျိုးအစား ၁၀ မျိုးခန့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့သရက်သီးပြပွဲ၌ မြန်မာ့သရက်သီး အမျိုး အစား ၈၀ ကျော်ကိုလာရောက်ပြသရန် မျှော်မှန်းထားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြန်မာ့လက်ဖက်ပြပွဲပြိုင်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မန္တလေးမှာ ပထမဆုံးကျင်းပဖြစ်တာပါ။ မြန်မာ့သရက်သီးပြပွဲပြိုင်ပွဲကတော့ ရန်ကုန်မှာ ၃ ကြိမ် ကျင်းပပြု လုပ်ပြီးပါပြီ။ ယခု မန္တလေးမှာ ပထမဦးဆုံးအကြိမ် ကျင်းပဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသန္တရစီမံကိန်း ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို မတ်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်ောတ်အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်နှင့် စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက် ရန် ရွယ်ရွယ်ပြီး နိုင်ငံတော်မှ ခွင့်ပြုသော ဘဏ္ဍာငွေ အရင်းအမြစ်နှင့် ချိန်ထိုး၍ ရန်ကုန်တိုင်း ဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းစီမံကိန်း တွင် လျှပ်စစ်ကဏ္ဍ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ယာဉ်ကြောပိတ်ဆို့မှု အကျပ် အတည်းဖြေလျှော့ရေးကဏ္ဍ၊ မြို့ပြနှင့် ကျေးလက်ဆက်သွယ်ရေးကဏ္ဍ၊ ကုန်စည်ပို့ဆောင်မှု ကဏ္ဍ စသည့်

ရန်ကုန်နယ်နိမိတ်အတွင်း SMEs လုပ်ငန်းများ သတ်မှတ်ထားခြင်းမရှိသေးဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) လုပ်ငန်းများအဖြစ် သီးခြားသတ်မှတ်ထားခြင်းမရှိသေး ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အသေးစား၊ အလတ်စားလုပ် ငန်းများ (SMEs) အဖြစ် သီးခြားသတ်မှတ်ထားခြင်း မရှိသေးသော်လည်း အစားအသောက် လိုင်စင်၊ လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာဉ်နှင့် လှည့်လည်ရောင်းချခွင့်လိုင်စင်၊ ယာယီစက်ရုံခွင့်ပြုမိန်ံများအဖြစ်သာ စည်ပင်သာယာ ဥပဒေနှင့် အညီ ခွင့်ပြုပေးနေကြောင်း၊ ရန်ကုန်တိုင်းအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအဖြစ် သတ်မှတ်ခွင့်ပြုထားသောလုပ်ငန်းအရေအတွက် ၁၇၅၆ ခုရှိပြီး စည်ပင်သာယာနယ်နိမိတ်အတွင်း၌ အသေးစားအလတ်စားလုပ်ငန်းများအဖြစ် သီးခြား သတ်မှတ်ထားခြင်း မရှိေးဘဲ အစေားအသောက်လုပ်ငန်းလိုင်စင် ၈၁၄၁ ခု၊ လုပ်ငန်းလိုင်စင် ၄၃၂၈၅ ခု၊ တည်းခိုခန်း

ကျပ် ၅၀၀ တန်ထီ ဈေးတင်ရောင်းချမှုအပေါ် တိုင်ကြားမှုမရှိသေးဟုဆို

မတ်လ ၁ ရက်နေ့မှ စတင်၍ ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိရာတွင် ဈေးတင်ရောင်းချမှုနှင့် ပတ်သက်၍ ယနေ့အထိ တရားဝင်တိုင်ကြားမှုမရှိသေးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။ ကျပ် ၅၀၀ တန် အောင်ဘာလေထီ လက်မှတ်များကို သတ်မှတ်ဈေးထက် ပိုမိုရောင်းချ ပါက ဆက်သွယ်တိုင်ကြားရန် တရားဝင်ကြေညာချက် ထုတ်ပြန်ထားကြောင်း၊ လက်ရှိတွင် ဈေးကွက်၌ အရောင်းဆိုင်အချို့နှင့် တစ်ပိုင်တစ်နိုင်ရောင်းချသူအချို့မှာ သတ်မှတ်ဈေးထက် ပိုမိုရောင်းချမှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်နေသေည်လည်း တရားဝင်တိုက်ကြားမှုမရှိသေးကြောင်း ၎င်းက ပြောသည်။ “တရားဝင်တိုင်ကြားမှုရှိလာခဲ့ရင် တော့ သက်ဆိုင်ရာမြို့နယ်အလိုက် စိစစ်ပြီး မှန်ကန်ရင် မူလကြေညာထားတဲ့အတိုင်း အရေး ယူသွားမှာ ဖြစ်ပါတယ်။

သီးနှံများအတွက် GAP လက်မှတ် ထုတ်ပေးမည်

အာဆီယံနိုင်ငံများသို့ သီးနှံများ လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ရန်အတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) ကျင့်သုံးမှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် ဆောင်ရွက်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) လက်မှတ်ထုတ်ပေးရာတွင် လက်ရှိ၌ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးနေသော သီးနှံ ၁၅ မျိုးအတွက် လက်မှတ်ထုတ်ပေးနိုင် ရန် မူကြမ်းရေးဆွဲနေပြီး ယင်းမူကြမ်းကို တောင်သူများနှင့် ၂ ကြိမ်တွေ့ဆုံဆွေးနွေးထားပြီးဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျင်မောင်က ပြောသည်။ “လက်ရှိမှာ သရက်သီးတစ်မျိုးတည်းကိုပဲ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ပါသေးတယ်။ နောက်ထပ်သီးနှံ ၁၅ မျိုးအတွက် လက်မှတ်ထုတ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ သတ်မှတ်ထားတဲ့

တောင်သူများကို သဘာဝစိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးမှု နည်းပါးနေ

နိုင်ငံအတွင်း သဘာဝစိုက်ပျိုးရေးနည်းစနစ် ဖြစ်ထွန်းရန်အတွက် တောင်းသူများအား နည်းပညာဖြန့်ဖြူးပေးမှု အားနည်းချက်များရှိနေသလို တောင်သူများအား သဘာဝစိုက်ပျိုးရေး နည်းစနစ် ဖြန့်ဖြူးပေးမည့် လုပ်ငန်း လုပ်ပိုင်သူလည်း နည်းပါးနေသေးသည်ဟု မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဘာဝလယ်ယာစိုက်ပျိုးရေးနည်းစနစ်တွင် ဓာတုဗေဒမပါဝင်ခြင်းကြောင့် သုံးစွဲသူများ အတွက် ဘေးအန္တရာယ်ကင်းရှင်းစေသည်ဖြစ်၍ တောင်သူများအနေဖြင့် သဘာဝလယ်ယာ စိုက်ပျိုးရေးနည်းစနစ်ကို ပိုမိုသိရှိနိုင်စေရန်အတွက် စိုက်ပျိုးရေး ဟောပြောပွဲများ ပြုလုပ်ပေး လျက်ရှိနေပြီး အသင်းအနေဖြင့် သဘာဝစိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးလိုသူများအား ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်းနှင့် လက်ရှိတွင် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင် များနှင့် ပူးပေါင်း၍ သဘာဝ လယ်ယာစိုက်ပျိုးရေးစနစ်ထွန်းကားရန်နှင့် နည်းပညာဖြန့်ဝေရန်အတွက် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးထားကြောင်း ၎င်းက ပြောသည်။ “သဘာဝလယ်ယာစိုက်ပျိုးရေးစနစ်က ပတ်ဝန်းကျင်မထိခိုက်အောင် ပြုပြင်စိုက်ပျိုးရတဲ့

Top