You are here
Home > Business News > SMEs လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁၈ သန်း အသုံးပြုခဲ့ဟုဆို

SMEs လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁၈ သန်း အသုံးပြုခဲ့ဟုဆို

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၆ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် သုံးစွဲခဲ့သည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သေးစားနှင့် အလတ်စားစီးပွား ရးလုပ်ငန်းများ (SMEs) လုပ်ငန်းလိုင်စင်ထုတ်ပေးထားခြင်းမရှိသော်လည်း လျှောက်ထား သည့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး လုပ်ငန်းလုပ်ထုံးများနှင့်အညီ ခွင့်ပြုပေးထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေက မြို့ပြကျေးရွာလယ်ယာလုပ်ငန်းခွင် စသည်ဖြင့် တစ်နိုင်ငံလုံးမှာရှိပါ တယ်။ မိသားစုစီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ်မှာ အခြေခံ ပြီး ဖြစ်ပေါ်လာတဲ့လုပ်ငန်းတွေဟာ အားနည်းချက်တွေရှိပါတယ်။ ပြည်တွင်းပြည်ပဈေးကွက် ၀င် စီးပွားရေးလုပ်ငန်းများအဖြစ် ယှဉ်ပြိုင်ရပ်တည်နိုင်ဖို့ လိုအပ်ချက်များစွာရှိနေပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် နေရာ ၁၅ နေရာမှာ ပြည်ပနိုင်ငံတွေရဲ့ အကူအညီတွေနဲ့ ဒေါ်လာ ၁၈ သန်းနီးပါး အသုံးပြုခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top