You are here
Home > Business News > လယ်ယာထုတ်ကုန်တင်ပို့မှု ဒေါ်လာသန်း ၆၀၀ ကျော် မြင့်တက်လာ

လယ်ယာထုတ်ကုန်တင်ပို့မှု ဒေါ်လာသန်း ၆၀၀ ကျော် မြင့်တက်လာ

လက်ရှိအစိုးရ၏ ၁၁ လ ကြာကာလအတွင်း လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
ပို့ကုန်များထဲတွင် ဆန်၊ ဆန်ကွဲတန်ချိန် ၁၅၀၀၀၀၊ ပြောင်းတန်ချိန် ၁.၁ သန်း၊ ပဲ တန်ချန် ၁.၂ သန်းနှင့် အခြား လယ်ယာထွက်ကုန် တန်ချိန် ၁.၅ သန်းတင်ပို့နိုင်ခဲ့ပြီး အထည်ချုပ် လုပ်ငန်းများမှ ချုပ်ထည်များတင်ပို့မှု မြင့်တက်လာကြောင်း၊ လယ်ယာထုတ်ကုန် တန်ဖိုး မြင့်တက်လာသော်လည်း စက်မှုပို့ကုန်နှင့် သဘာဝ ဓာတ်ငွေတင်ပို့မှု လျော့ကျခဲ့ခြင်း ကြောင့် ၀င်ငွေရရှိမှုတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၁၄၀၀ ကျော် လျော့ကျနေကြောင်း ၀န်ကြီးက ပြောသည်။ “ ပို့ကုန်ပိုင်းမှာ ဈေးကွက်တိုးချဲ့နိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရှိနေပေမယ့် စိတ်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း ရှိနေပါတယ်။ ၁၁ လကြာကာလအတွင်းမှာ ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကျော်ရှိပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးရဲ့ ကုန်သွယ်မှုက ၂၇ ဘီလီယံရှိခဲ့ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

Leave a Reply

Top