You are here
Home > Business News > ရန်ကုန် – ဒလ တံတား စတင်တည်ဆောက်တော့မည်

ရန်ကုန် – ဒလ တံတား စတင်တည်ဆောက်တော့မည်

ရန်ကုန်မြို့နှင့် ဒလမြိုနယ်သို့ ဆက်သွယ်ပေးမည့် ကိုရီးယား – မြန်မာချစ်ကြည်ရေး (ဒလတံတား)ကို လာမည့် ဧပြီလတွင် စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ယင်းတံတားတည်ဆောက်ရေး စီမကိန်းဆိုင်ရာ အင်ဂျင်နီယာမှူးက ပြောသည်။
အဆိုပါ တံတားဧရိယာနှင့် မလွတ်ကင်းသော နေအိမ်နှင့် ဈေးဆိုင်များကို အပြီးသတ်မြေယာလျော်ကြေး ပေးအပ်ခဲ့ပြီး ဖြစ်ခြင်းကြောင့် တံတားတည်ဆောက်ရေး စီမံ ကိန်းကို လာမည့် ဧပြီလ၌ စတင်မည်ဖြစ်ပြီး သင်္ကြန်ကာလပြီးဆုံးသည်နှင့် စီမံကိန်း ရုံးဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို နစ်နာကြေးငွေအဖြစ် စုစုပေါင်း ကျပ်ငွေ ၁၄၆၈.၂၈၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ တံတားကို ကိုရီးယားနိုင်ငံရဲ့ ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇.၈၃၃ သန်းနဲ့ ပြည်တွင်းရန်ပုံငွေ ၃၀.၃၄၁ သန်း အကုန်အကျခံပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ တံတားကို သံမဏိကြိုးဆိုင်းလေးလမ်းသွားတံတားအဖြစ် တည်ဆောက်မှာပါ။ သင်္ဘောကြီးတွေနဲ့ လွတ်ကင်းစွ သွားလာနိုင်ဖို့အတွက် အမြင့်ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ် အကျယ် ၅၂၅ ပေ ထားရှိဆောက်လုပ်မှာ ဖြစ်ပါတယ်။ ယာဉ်တစ်စီးချင်း ခံနိုင်ရည်ဝန်အား အနေနဲ့ ၇၅ တန်အထိ ထားရှိဆောက်လုပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top