You are here
Home > Real Estate News > မန္တလေးဆန်စက် လုပ်ငန်းတစ်ချို့ရပ်ဆိုင်းထား

မန္တလေးဆန်စက် လုပ်ငန်းတစ်ချို့ရပ်ဆိုင်းထား

မန္တလေးတိုင်းဒေသကြီးအတါင်း ထွက်ရှိသောစပါးများကို တရုတ်ကုန်သည်များက ဒေသပေါက်ဈေးထက် ပိုပေး၍လိုက်လံဝယ်ယူနေခြင်းကြောင့် ဆန်စက်လုပ်ငန်းတစ်ချို့ ရပ်ဆိုင်းထားရသည်ဟု မန္တလေးတိုင်း ဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေ အောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အနှံ့အပြား၌ စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှတစ်ဆသ့် စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှစတ်ဆင့် စပါးများကို ဈေးကောင်းပေး၍ ၀ယ်ယူနေ ကြောင်း၊ စပါးတင်း ၁၀၀ လျှင် ၅၅၀၀၀၀ ပေါက်ဈေးရှိသော စပါးအမျိုးအစားကို တရုတ်ကုန်သည်များက ၆၅၀၀၀၀ အထိ ဈေးပိုပေး၍ ၀ယ်ယူနေကြောင်း ၎င်းက ပြောသည်။ “တရုတ်ကုန်သည်တွေက ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အချောကို ၀ယ်ယူတာမဟုတ်ဘဲ မြန်မာ ကုန်သည်တွေ မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်ပြည်ကို အဓိကတင်ပို့နေတဲ့ ဆန်ကြမ်းအမျိုးအစားတွေကို ဈေးကောင်းပေးဝယ်ယူနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆန်စက်တစ်ချို့က ကြိတ်စရာစပါးမရှိတဲ့အတွက် စက်တွေရပ်နားထား ရလို့ ကြာရှည်ရပ်နားထားမယ်ဆိုရင် ဒေသတွင်း မွေးမြူရေးလုပ်ငန်းတွေအတွက် တိရစ္ဆာန် အစားအစာအခက်အခဲဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top