You are here
Home > International News > Uber အငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်ဖ်ဂျုံးစ် လာမည့်

Uber အငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်ဖ်ဂျုံးစ် လာမည့်

နည်းပညာအခြေပြုအငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ Uber ၏ ဥက္ကဋ္ဌ ဂျက်ဖ်ဂျုံးစ်အနေ ဖြင့် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုကြေညာသွားခဲ့သည်။
ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ မစ္စတာဂျုံးစ်သည် Uber မှ ခန့်အပ်မည့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အရာရှိချုပ် (COO) နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးနောက် နုတ်ထွက်စာတင်ထားခြင်းဖြစ်ကြောင်း သိရသည်။ အခြားတစ်ဘက်တွင် Uber ကုမ္ပဏီမှာလည်း ဒရိုင်ဘာများ၏ လိင်ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်ဆိုင်ရာ စော်ကားမှုများကို ဖြေရှင်းပေးနေရကြောင်း သိရသည်။ Uber ၏ ကြေညာချက်တွင် “လာမယ့် ၆ လအတွင်းမှာ ကုမ္ပဏီအတွက်ပေးဆပ်သွားမယ့် ဂျက်ဖ်ဂျုံးစ်ကို ကျေးဇူးတင်ပါတယ်။ သူ့အတွက်လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု ဖော်ပြထားသည်။

Leave a Reply

Top