You are here
Home > International News > Forbes မဂ္ဂဇင်း၏အချမ်းသာဆုံးစာရင်း၏ နံပါတ် ၁ နေရာတွင် Micorsoft တည်ထောင်သူ ဘီလ်ဂိတ် ပြန်လည်ရပ်တည်

Forbes မဂ္ဂဇင်း၏အချမ်းသာဆုံးစာရင်း၏ နံပါတ် ၁ နေရာတွင် Micorsoft တည်ထောင်သူ ဘီလ်ဂိတ် ပြန်လည်ရပ်တည်

ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် Microsoft တည်ထောင်သူဘီလ် ဂိတ်က ထိပ်ဆုံးနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Forbes ၏ တစ်နှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ်များကို စာရင်း ကောက်ယူရာတွင် ဘီလ်ဂိတ်က ကြွယ်ဝမှုတန်ဖိုးဒေါ်လာ ၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သလို ဒုတိယနေရာတွင် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီး ၀ါရင်ဘတ်ဖတ်က ဒေါ်လာ ၇၅.၆ ဘီလီယံ ဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ယခင်နှစ် ဒေါ်လာ ၇၅ ဘီလီယံသာရှိခဲ့ရာမှ ယခု ၂၀၁၇ ခုနှစ်တွင် ၈၆ ဘီလီယံအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် လက်ရှိအမေရိကန် သမ္မတအဖြစ် ထမ်းဆောင်နေသူ အိမ်ခြံမြေလုပ်ငန်းရှင် ဒေါ်နယ်ထရမ့်၏ကြွယ်ဝမှုတန်ဖိုးမှာမူ ယခင်ကထက် ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အမေရိကန် အိမ်ခြံမြေဈေးကွက် အေးစက်နေခြင်းက ဒေါ်နယ်ထရမ့်၏ ပိုင်ဆိုင်မှု ကို အင်အားလျော့နည်းစေခဲ့သည်။ ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သောနှစ်က Forbes မဂ္ဂဇင်း၏အချမ်းသာဆုံးအဆင့် ၅၄၄ အထိကျဆင်းသွားခဲ့သည်။ အဆိုပါစာရင်းတွင် နည်းပညာလုပ်ငန်းရှင် ဘီလျံနာ ၁၈၃ ဦးပါဝင်ပြီး Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် မှာ အဆင့် ၅ တွင် ရပ်တည်နိုင်ခဲ့သည်။ နည်းပညာရှင်များ၏ စုစုပေါင်း ကြွယ်ဝမှုမှာ ဒေါ်လာ ၁ ထရီလီယံရှိလာခဲ့သည်။

Leave a Reply

Top