You are here
Home > Business News > ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချ

ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချ

နိုင်ငံအတွင်း ကျောက်မျက်လုပ်ငန်းရှင်များ ကုန်ကြမ်းရရှိစေရေးအတွက် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းဝင်းအတွင်း ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၀၀ ကျော်ကို မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မိုးကုတ်မြို့များရှိ ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းရရှိစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောသည်။ “ဒီပြပွဲမှာ ဈေးပြိုင် မပါပါဘူး။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ လုပ်ငန်းငယ်တွေက ကျောက်တူးရတာမဟုတ်တဲ့အတွက် တူးပြီးသား ကုမ္ပဏီတွေက ကျောက်တွေကို ၀ယ်ယူပြီးတော့ သူတို့ရဲ့ အချောထည်တွေကို လုပ်ရတာပါ။ ဒါကြောင့် သူတို့ တွေ ကုန်ကြမ်းရရှိဖို့ လိုပါတယ်” ဟု ပြပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ထပ်မံ ပြောသည်။

Leave a Reply

Top