You are here
Home > Business News > အင်းလေးရေပေါ်ဈေး ဖွင့်လှစ်ရန် စီစဉ်နေဟုဆို

အင်းလေးရေပေါ်ဈေး ဖွင့်လှစ်ရန် စီစဉ်နေဟုဆို

ရှမ်းပြည်နယ်ရှိ အင်းလေးကန်အတွင်း ၇၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသော ကျေးရွာအချို့ကို ရွေးချယ်ပြီး အင်းလေးရေပေါ်ဈေးဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ညောင်ရွှေမြို့နယ်တွင် အင်းလေးကန်တွင် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အင်းလေးရေပေါ်ဈေးတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ရာတွင် ယင်းနေရာသည် ကုန်းမြေ အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းကြောင့် အင်းလေးကန်ရေပေါ်ဈေးသစ်တစ်ခုအဖြစ် အစားထိုး၍ ပြည်ပဧည့်သည်များကို ဆွဲဆောင်ရန်ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။ “အင်းလေးကန်အတွင်းမှာ ရေပေါ်ဈေးသစ်တစ်ခုဖွင့်ဖို့ စတင်အကောင်အထည်ဖော်နေပါ တယ်။ ဒီ့အတွက် အင်းလေးကန်အတွင်းက ရေပေါ် ၇၀ ရာခိုင်နှုန်းခန့်ရှိတဲ့ ကျေးရွာတွေကို ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်ရှိအင်းလေးကန်ရေပေါ်မှာတည်ရှိနေတဲ့ ကျေးရွာ ၂၀ ထဲက ရေပေါ်အိမ်ခြေ ၇၀ ရာခိုင်နှုန်းရှိတဲ့ အင်းပေါခုံရွာ၊ ရေပေါ်အိမ်ခြေ ၈၀ ရာခိုင်နှုန်းရှိတဲ့ နန်းပန် ပေါက်ပါးရွာတို့ကို ရွေးချယ်ထားပါတယ်။ ဒေသထွက် ချည်ထည်၊ ငွေထည် ပစ္စည်းတွေ၊ ဒေသ ထွက်ကုန်တွေကို ရောင်းချစေမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top