You are here
Home > Business News > ဘဏ်များကို အကာအကွယ်ပေးခြင်းထက် ထောက်ပံ့ပေးခြင်းကိုသာ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော

ဘဏ်များကို အကာအကွယ်ပေးခြင်းထက် ထောက်ပံ့ပေးခြင်းကိုသာ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော

ပြည်တွင်းဘဏ်လုပ်ငန်းများကို အကာအကွယ်ပေးခြင်းထက် အထောက်အပံ့ပေးခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်တော့မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နိုင်ငံခြားလုပ်ငန်း များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ချေးငွေရရှိမှု အခက်အခဲများအတွက် ပိုမိုအဆင်ပြေနိုင်မည့်နည်းလမ်းများကို ဘဏ်လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ “မြန်မာ့ ဘဏ္ဍရေးကဏ္ဍ တိုးတက်မှုအတွက် အကာအကွယ်ပေးနေတာက တိုးတက်မှုကို အကာအကွယ်ဖြစ်စေပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးမှု လုပ်ခဲ့တာက နှစ်ပေါင်းကြာခဲ့ပါပြီး။ ဒါကြောင့် အကာအကွယ်မပေးတော့ဘဲ ထောက်ပံ့ပေးမှုကိုပဲ လုပ်တော့ မှာပါ။ အပြည့်အ၀ထောက်ပဲ့ပေးမှာဖြစ်လို့ ယှဉ်ပြိုင်မှုတွေ လုပ်ရင်း၊ ကြိုးစားရင်းနဲ့ အရည်အ သွေးတွေ ပိုပြီးမြင့်မားလာမှာပါ။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ငွေချေးလို့ရ တဲ့အထိ လုပ်ဆောင်ပေးမှာပါ။ အခုလက်ရှိဖြစ်နေတာက အပေါင်ပစ္စည်းတွေရမှာ ငွေချေားလို့ ရမယ့် ကိစ္စကို အခြားနည်းတွေနဲ့ လုပ်လို့ မရဘူးလာဆိုတာ စဉ်းစားနေပါတယ်။ နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းတွေအနေနဲ့လည်း တဖြည်းဖြည်းကျယ်ပြန့်လာမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Leave a Reply

Top