You are here
Home > Business News > စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်များ ခွင့်ပြုမည်ဟု ၀န်ကြီးပြော

စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်များ ခွင့်ပြုမည်ဟု ၀န်ကြီးပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက မတ်လ ၂၃ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်တည်ဆောက်ရန်အတွက် လာရောက်လျှောက်ထားသူ သုံးလေးဦးခန့်သာရှိပြီး မည်မျှအခွန်ကောက်ခံမည်ကို မသိရှိသေးကြောင်းနှင့် ယင်းကိစ္စကို စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းမှ သတ်မှတ်မည်ဖြစ်ကြောင်း၊ ပေ ၁၀၀ မှ ၁၂၀ အကျယ်ကို မဏ္ဍပ်ကြီး၊ ပေ ၅၀ မှ ၉၉ ပေအထိ မဏ္ဍပ်လတ်၊ ပေ ၅၀ အောက်ကို မဏ္ဍပ်သေးအဖြစ် သတ်မှတ်ထားပြီး ပိုမိုဆောင်လုပ်ပါက တစ်ပေလျှင် ကျပ် ၁၀ သိန်းဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ် လျှောက်လွှာများကို မတ်လ ၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ သတ်မှတ်ထားကြောင်း ၀န်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ “Public Area ထဲမှာ စီးပွားဖြစ်လုပ်တာကို ခွင့်မပြုပါဘူး။ Public Area မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်နေရာမှာ ကျင်းပတာကိုတော့ အခွန်ကောက်ပြီး ခွင့်ပြုပေးမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top