You are here
Home > 2017 > April

ရန်ကုန် – ဒလ တံတား စတင်တည်ဆောက်တော့မည်

ရန်ကုန်မြို့နှင့် ဒလမြိုနယ်သို့ ဆက်သွယ်ပေးမည့် ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလတံတား)ကို လာမည့် ဧပြီလတွင် စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ယင်းတံတားတည်ဆောက်ရေး စီမကိန်းဆိုင်ရာ အင်ဂျင်နီယာမှူးက ပြောသည်။ အဆိုပါ တံတားဧရိယာနှင့် မလွတ်ကင်းသော နေအိမ်နှင့် ဈေးဆိုင်များကို အပြီးသတ်မြေယာလျော်ကြေး ပေးအပ်ခဲ့ပြီး ဖြစ်ခြင်းကြောင့် တံတားတည်ဆောက်ရေး စီမံ ကိန်းကို လာမည့် ဧပြီလ၌ စတင်မည်ဖြစ်ပြီး သင်္ကြန်ကာလပြီးဆုံးသည်နှင့် စီမံကိန်း ရုံးဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို နစ်နာကြေးငွေအဖြစ် စုစုပေါင်း ကျပ်ငွေ ၁၄၆၈.၂၈၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ တံတားကို ကိုရီးယားနိုင်ငံရဲ့ ချေးငွေ အမေရိကန်

လယ်ယာထုတ်ကုန်တင်ပို့မှု ဒေါ်လာသန်း ၆၀၀ ကျော် မြင့်တက်လာ

လက်ရှိအစိုးရ၏ ၁၁ လ ကြာကာလအတွင်း လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။ ပို့ကုန်များထဲတွင် ဆန်၊ ဆန်ကွဲတန်ချိန် ၁၅၀၀၀၀၊ ပြောင်းတန်ချိန် ၁.၁ သန်း၊ ပဲ တန်ချန် ၁.၂ သန်းနှင့် အခြား လယ်ယာထွက်ကုန် တန်ချိန် ၁.၅ သန်းတင်ပို့နိုင်ခဲ့ပြီး အထည်ချုပ် လုပ်ငန်းများမှ ချုပ်ထည်များတင်ပို့မှု မြင့်တက်လာကြောင်း၊ လယ်ယာထုတ်ကုန် တန်ဖိုး မြင့်တက်လာသော်လည်း စက်မှုပို့ကုန်နှင့် သဘာဝ ဓာတ်ငွေတင်ပို့မှု လျော့ကျခဲ့ခြင်း ကြောင့် ၀င်ငွေရရှိမှုတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက

SMEs လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၁၈ သန်း အသုံးပြုခဲ့ဟုဆို

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၆ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် သုံးစွဲခဲ့သည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သေးစားနှင့် အလတ်စားစီးပွား ရးလုပ်ငန်းများ (SMEs) လုပ်ငန်းလိုင်စင်ထုတ်ပေးထားခြင်းမရှိသော်လည်း လျှောက်ထား သည့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး လုပ်ငန်းလုပ်ထုံးများနှင့်အညီ ခွင့်ပြုပေးထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေက မြို့ပြကျေးရွာလယ်ယာလုပ်ငန်းခွင် စသည်ဖြင့် တစ်နိုင်ငံလုံးမှာရှိပါ တယ်။ မိသားစုစီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ်မှာ အခြေခံ ပြီး ဖြစ်ပေါ်လာတဲ့လုပ်ငန်းတွေဟာ အားနည်းချက်တွေရှိပါတယ်။ ပြည်တွင်းပြည်ပဈေးကွက် ၀င် စီးပွားရေးလုပ်ငန်းများအဖြစ် ယှဉ်ပြိုင်ရပ်တည်နိုင်ဖို့ လိုအပ်ချက်များစွာရှိနေပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် နေရာ ၁၅

မန္တလေးဆန်စက် လုပ်ငန်းတစ်ချို့ရပ်ဆိုင်းထား

မန္တလေးတိုင်းဒေသကြီးအတါင်း ထွက်ရှိသောစပါးများကို တရုတ်ကုန်သည်များက ဒေသပေါက်ဈေးထက် ပိုပေး၍လိုက်လံဝယ်ယူနေခြင်းကြောင့် ဆန်စက်လုပ်ငန်းတစ်ချို့ ရပ်ဆိုင်းထားရသည်ဟု မန္တလေးတိုင်း ဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေ အောင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အနှံ့အပြား၌ စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှတစ်ဆသ့် စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှစတ်ဆင့် စပါးများကို ဈေးကောင်းပေး၍ ၀ယ်ယူနေ ကြောင်း၊ စပါးတင်း ၁၀၀ လျှင် ၅၅၀၀၀၀ ပေါက်ဈေးရှိသော စပါးအမျိုးအစားကို တရုတ်ကုန်သည်များက ၆၅၀၀၀၀ အထိ ဈေးပိုပေး၍ ၀ယ်ယူနေကြောင်း ၎င်းက ပြောသည်။ “တရုတ်ကုန်သည်တွေက ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အချောကို ၀ယ်ယူတာမဟုတ်ဘဲ မြန်မာ ကုန်သည်တွေ မူဆယ်နယ်စပ်ကတစ်ဆင့်

ဘဏ်များကို အကာအကွယ်ပေးခြင်းထက် ထောက်ပံ့ပေးခြင်းကိုသာ ဆောင်ရွက်မည်ဟု ၀န်ကြီးပြော

ပြည်တွင်းဘဏ်လုပ်ငန်းများကို အကာအကွယ်ပေးခြင်းထက် အထောက်အပံ့ပေးခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်တော့မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နိုင်ငံခြားလုပ်ငန်း များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ချေးငွေရရှိမှု အခက်အခဲများအတွက် ပိုမိုအဆင်ပြေနိုင်မည့်နည်းလမ်းများကို ဘဏ်လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ “မြန်မာ့ ဘဏ္ဍရေးကဏ္ဍ တိုးတက်မှုအတွက် အကာအကွယ်ပေးနေတာက တိုးတက်မှုကို အကာအကွယ်ဖြစ်စေပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးမှု လုပ်ခဲ့တာက နှစ်ပေါင်းကြာခဲ့ပါပြီး။ ဒါကြောင့် အကာအကွယ်မပေးတော့ဘဲ ထောက်ပံ့ပေးမှုကိုပဲ လုပ်တော့ မှာပါ။ အပြည့်အ၀ထောက်ပဲ့ပေးမှာဖြစ်လို့ ယှဉ်ပြိုင်မှုတွေ လုပ်ရင်း၊ ကြိုးစားရင်းနဲ့ အရည်အ သွေးတွေ ပိုပြီးမြင့်မားလာမှာပါ။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း

အင်းလေးရေပေါ်ဈေး ဖွင့်လှစ်ရန် စီစဉ်နေဟုဆို

ရှမ်းပြည်နယ်ရှိ အင်းလေးကန်အတွင်း ၇၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသော ကျေးရွာအချို့ကို ရွေးချယ်ပြီး အင်းလေးရေပေါ်ဈေးဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညောင်ရွှေမြို့နယ်တွင် အင်းလေးကန်တွင် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အင်းလေးရေပေါ်ဈေးတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ရာတွင် ယင်းနေရာသည် ကုန်းမြေ အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းကြောင့် အင်းလေးကန်ရေပေါ်ဈေးသစ်တစ်ခုအဖြစ် အစားထိုး၍ ပြည်ပဧည့်သည်များကို ဆွဲဆောင်ရန်ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။ “အင်းလေးကန်အတွင်းမှာ ရေပေါ်ဈေးသစ်တစ်ခုဖွင့်ဖို့ စတင်အကောင်အထည်ဖော်နေပါ တယ်။ ဒီ့အတွက် အင်းလေးကန်အတွင်းက ရေပေါ် ၇၀ ရာခိုင်နှုန်းခန့်ရှိတဲ့ ကျေးရွာတွေကို ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်ရှိအင်းလေးကန်ရေပေါ်မှာတည်ရှိနေတဲ့ ကျေးရွာ ၂၀ ထဲက ရေပေါ်အိမ်ခြေ ၇၀ ရာခိုင်နှုန်းရှိတဲ့ အင်းပေါခုံရွာ၊

Uber အငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်ဖ်ဂျုံးစ် လာမည့်

နည်းပညာအခြေပြုအငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ Uber ၏ ဥက္ကဋ္ဌ ဂျက်ဖ်ဂျုံးစ်အနေ ဖြင့် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုကြေညာသွားခဲ့သည်။ ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ မစ္စတာဂျုံးစ်သည် Uber မှ ခန့်အပ်မည့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အရာရှိချုပ် (COO) နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးနောက် နုတ်ထွက်စာတင်ထားခြင်းဖြစ်ကြောင်း သိရသည်။ အခြားတစ်ဘက်တွင် Uber ကုမ္ပဏီမှာလည်း ဒရိုင်ဘာများ၏ လိင်ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်ဆိုင်ရာ စော်ကားမှုများကို ဖြေရှင်းပေးနေရကြောင်း သိရသည်။ Uber ၏ ကြေညာချက်တွင် “လာမယ့် ၆ လအတွင်းမှာ ကုမ္ပဏီအတွက်ပေးဆပ်သွားမယ့် ဂျက်ဖ်ဂျုံးစ်ကို ကျေးဇူးတင်ပါတယ်။ သူ့အတွက်လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု ဖော်ပြထားသည်။

Forbes မဂ္ဂဇင်း၏အချမ်းသာဆုံးစာရင်း၏ နံပါတ် ၁ နေရာတွင် Micorsoft တည်ထောင်သူ ဘီလ်ဂိတ် ပြန်လည်ရပ်တည်

ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် Microsoft တည်ထောင်သူဘီလ် ဂိတ်က ထိပ်ဆုံးနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ Forbes ၏ တစ်နှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ်များကို စာရင်း ကောက်ယူရာတွင် ဘီလ်ဂိတ်က ကြွယ်ဝမှုတန်ဖိုးဒေါ်လာ ၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သလို ဒုတိယနေရာတွင် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီး ၀ါရင်ဘတ်ဖတ်က ဒေါ်လာ ၇၅.၆ ဘီလီယံ ဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ယခင်နှစ် ဒေါ်လာ ၇၅ ဘီလီယံသာရှိခဲ့ရာမှ ယခု ၂၀၁၇ ခုနှစ်တွင် ၈၆ ဘီလီယံအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိအမေရိကန် သမ္မတအဖြစ် ထမ်းဆောင်နေသူ အိမ်ခြံမြေလုပ်ငန်းရှင် ဒေါ်နယ်ထရမ့်၏ကြွယ်ဝမှုတန်ဖိုးမှာမူ

ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချ

နိုင်ငံအတွင်း ကျောက်မျက်လုပ်ငန်းရှင်များ ကုန်ကြမ်းရရှိစေရေးအတွက် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းဝင်းအတွင်း ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၀၀ ကျော်ကို မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာကျပ်ငွေဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မိုးကုတ်မြို့များရှိ ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းရရှိစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောသည်။ “ဒီပြပွဲမှာ ဈေးပြိုင် မပါပါဘူး။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ လုပ်ငန်းငယ်တွေက ကျောက်တူးရတာမဟုတ်တဲ့အတွက် တူးပြီးသား ကုမ္ပဏီတွေက ကျောက်တွေကို ၀ယ်ယူပြီးတော့ သူတို့ရဲ့ အချောထည်တွေကို လုပ်ရတာပါ။ ဒါကြောင့် သူတို့ တွေ ကုန်ကြမ်းရရှိဖို့ လိုပါတယ်” ဟု

စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်များ ခွင့်ပြုမည်ဟု ၀န်ကြီးပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက မတ်လ ၂၃ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်တည်ဆောက်ရန်အတွက် လာရောက်လျှောက်ထားသူ သုံးလေးဦးခန့်သာရှိပြီး မည်မျှအခွန်ကောက်ခံမည်ကို မသိရှိသေးကြောင်းနှင့် ယင်းကိစ္စကို စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းမှ သတ်မှတ်မည်ဖြစ်ကြောင်း၊ ပေ ၁၀၀ မှ ၁၂၀ အကျယ်ကို မဏ္ဍပ်ကြီး၊ ပေ ၅၀ မှ ၉၉ ပေအထိ မဏ္ဍပ်လတ်၊ ပေ ၅၀ အောက်ကို မဏ္ဍပ်သေးအဖြစ် သတ်မှတ်ထားပြီး ပိုမိုဆောင်လုပ်ပါက တစ်ပေလျှင် ကျပ် ၁၀ သိန်းဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ် လျှောက်လွှာများကို မတ်လ ၅ ရက်နေ့မှ ၂၅

Top