You are here
Home > Business News > YBPC ရှယ်ယာ အမြတ်ခွဲဝေနိုင်ခြင်းမရှိသေးဟုဆို

YBPC ရှယ်ယာ အမြတ်ခွဲဝေနိုင်ခြင်းမရှိသေးဟုဆို

ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီ(YBPC) အနေဖြင့် ပြေးဆွဲကာလတစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ရှယ်ယာရှင်များကို အမြတ်များခွဲဝေပေးနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီကို ၂၀ဩ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို အဆင့်မြှင့်တင်ရန် အပေါ့များ အမြန်ဘတ်စ်ကားစနစ် (BRT Lite)ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစုပေါင်းကျပ် ၂၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း၊ အများပြည်သူများသို့ ရှယ်ယာလက်မှတ် ၅ ဘီလီယံရောင်းချရန် မျှေ်မှန်းထားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ကြောင်း၊ ရှယ်ယာတစ်ခုလျှင် ကျပ်တစ်သိန်း သတ်မှတ်ထားပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရိလကုန်အထိ ရှယ်ယာလက်မှတ် ၂.၄ ဘီလီယံရောင်းချခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရှယ်ယာနှစ်ကြိမ်ထုတ်ရောင်းရာမှာ ပထမအကြိမ်တုန်းက ကျပ် ၂ ဘီလီယံကျော် ရရှိပါတယ်။ ဒုတိယတစ်ကြိမ်မှာ ကျပ် ၁ ဘီလီယံကျော် ရရှိပါတယ်။ ရှယ်ယာရှင်စုစုပေါင်း ၁၈၀၀ ကျော်ရှိတဲ့အတွက် အားလုံးပေါင်းလိုင်ရင် ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီရဲ့ အရင်းအနှီးက ၁၆.၆၄ ဘီလီယံ လောက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပထမတစ်နှစ်မှာ မမြတ်သေးတဲ့အတွက် အမြတ်တွေခွဲ မပေးနိုင်သေးပါဘူး။ လက်ရှိ YBS မှာတော့ အမှတ် ၃၇ လိုင်းမှာ ဆက်ထည့်ထားတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top