You are here
Home > Travel > မြိတ်ကျွန်းစုသို့ ရွက်လှေဖြင့် လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များပြားလာ

မြိတ်ကျွန်းစုသို့ ရွက်လှေဖြင့် လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များပြားလာ

မြိတ်ကျွန်းစုဒေသသို့ ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည်သည် ၁၄၀၀ ခန့်ရှိခဲ့ပြီး ယမန်နှစ်ကထက် ပိုမိုမြင့်တက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။
ပြီးခဲ့သည့်နှစ်၌ မြိတ်ကျွန်းစုဒေသသို့ စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော ခရီးသည် ၄၇၀ ရှိခဲ့ပြီး ခရီးသည် ၃၉၆၀ ဦး ၀င်ရောက်ခဲ့ကြောင်း၊ ယခုနှစ်၏ နှစ်လအတွင်း စက်တင်ရွက်လှေခရီးစဉ် ၁၆၆ ခုဖြင့် ခရီးသည် ၁၃၉၇ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း၊ မြိတ်ကျွန်းစု၌ ခွင့်ပြုထားသော ကျွန်းများတွင် နိုင်ငံခြားခရီးသည်များအနေဖြင့် အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက်ရှုခင်းများ ကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘ၀ကို လေ့လာခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် စင်္ကာပူမှာ လုပ်ခဲ့တဲ့ ခရီးသွားဖိုရမ်တွေနဲ့ နိုင်ငံတကာခရီးသွားပြပွဲတွေမှာ ဈေးကွက်မြှင့်တင်နေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင်းက ဆောင်ရွက်နေသလို တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း မြိတ်ကျွန်းစုဖွံ့ဖြိုးရေးကိုဆောင်ရွက် နေတဲ့အတွက် လာရောက်လည်ပတ်တဲ့ခရီးသည်ဦးရေ တစ်ဖြည်းဖြည်းနဲ့ ပိုမိုမြင့်တက်လာတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top