You are here
Home > Business News > ပုဂ္ဂလိက ဘဏ်များအား နိုင်ငံခြားငွေချေးခွင့်ပြုမည်ဟု ၀န်ကြီးပြော

ပုဂ္ဂလိက ဘဏ်များအား နိုင်ငံခြားငွေချေးခွင့်ပြုမည်ဟု ၀န်ကြီးပြော

ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေ ထုတ်ချေးနိုင်ရန် ဗဟိုဘဏ်မှ စီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၃ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။
လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ကျပ်ငွေကိုသာ ထုတ်ချေးရန် ခွင့်ပြုထားသော်လည်း နိုင်ငံခြားငွေထုတ်ချေးရန်အတွက် ဗဟိုဘဏ်မှ စီစဉ်နေကြောင်း၊ ပုဂ္ဂလိက ဘဏ်များအနေဖြင့် နိုင်ငံခြားငွေချေးရန် ခွင့်ပြုပါက ဘဏ်များတွင် နိုင်ငံခြားငွေလုံလောက်စွာရှိရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက ဘဏ်များအနေဖြင့် အပ်ငွေစု ဆောင်းမှုအပေါ် မူတည်ပြီး ချေးငွေများ ပြန်ထုတ်ချေးနေရခြင်းကြောင့် ဒေါ်လာအပ်ငွေရရှိရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။ “ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာချေးယူခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပြည်တွင်းဘဏ်တွေက ဒေါ်လာငွေချေးလို့ရမယ်ဆိုရင် သွင်းကုန်လုပ်ငန်းတွေအတွက် ပိုပြီးအဆင်ပြေလာမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top