You are here
Home > Travel > ပုဂံဒေသလမ်းပြမြေပုံ ထုတ်ဝေမည်

ပုဂံဒေသလမ်းပြမြေပုံ ထုတ်ဝေမည်

ပုဂံရှေးစောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ အဆင်ပြေစေရန်အတွက် ပုဂံ ဒေသဇုန် တစ်ခုလုံးကို လွှမ်းခြံနိုင်မည့် လမ်းပြမြေပုံထုတ်ဝေရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
ပုဂံဒေသလမ်းပြမြေပုံထုတ်ရန်အတွက် လက်ရှိတွင် ကွင်းဆင်းလေ့လာနေပြီး ယင်းလမ်းပြမြေပုံ၌ ရှုခင်းကြည့်နိုင်မည့်နေရာများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် များကို လက်ကမ်းစာစောင်များ ထုတ်ဝေသွားမည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး လက်ထောက်စီမံ ချက်တာဝန်ခံ ဒေါ်ယုယုလင်းက ပြောသည်။ “လမ်းပြမြေပုံထုတ်ဖို့အတွက် အခု ကွင်းဆင်းပြီး တော့ လေ့လာဆောင်ရွက်နေပါတယ်။ လမ်းပြမြေပုံမှာ မြစ်ကမ်းဘေးက ရှုခင်းအလှတွေကို ထိုင်ကြည့်လို့ရမယ့် နေရာတွေလည်း ပါ ပါတယ်။ ရိုးရာလက်မှုလုပ်ငန်းတွေကို တွေ့နိုင်တဲ့ ကျေးရွာတွေကိုလည်း ညွှန်ပြထားပါတယ်။ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာလည်း ဘုရားပေါ် တက်စရာမလိုဘဲ ရှုခင်းတွေကိုကြည့်လို့ရမယ့်နေရာတွေကို ထည့်သွင်းမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top