You are here
Home > Travel > ပုဂံယဉ်ကျေးမှုဇုန်ရှိ သဗ္ဗညုဘုရားပြင်ဆင်ရန် တရုတ်နိုင်ငံမှ အဆိုပြုထားဟုဆို

ပုဂံယဉ်ကျေးမှုဇုန်ရှိ သဗ္ဗညုဘုရားပြင်ဆင်ရန် တရုတ်နိုင်ငံမှ အဆိုပြုထားဟုဆို

၂၀၁၆ ခုနှစ်၌ သြဂုတ်လ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ဘုရားများအနက် သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ရ ရန် တရုတ်နိုင်ငံမှ အဆိုပြုထားသည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန၊ ပုဂံဌာနခွဲမှာ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။
တရုတ်နိုင်ငံမှ သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုမှုကို မြန်မာအစိုးရမှ လက်ခံပါက နှစ်နိုင်ငံယဉ်ကျေးမှုဌာနအချင်းချင်း ပြင်ဆင်ခွင့် သဘောတူမှု စာချွန်လွှာကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါယင်းဘုရားကို UNESCO မှ ပညာရှင် များ၏ အကူအညီဖြင့် အရေးပေါ်ထိန်းသိမ်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ “တရုတ်နိုင်ငံဘက်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ သဗ္ဗညုဘုရားကို ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။ ကျွန်တော်တို့ဘက် မူအားဖြင့် သဘောတူထားပါတယ်။ လက်ရှိမှာ သူတို့တောင်းဆိုချက်ကို ပြင်လည် သုံးသပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top