You are here
Home > Business News > မြန်မာ့ပန်းချီကားများကို နိုင်ငံခြားသားများ ၀ယ်ယူမှု ပိုများလာ

မြန်မာ့ပန်းချီကားများကို နိုင်ငံခြားသားများ ၀ယ်ယူမှု ပိုများလာ

မြန်မာပန်းချီဆရာများရေးဆွဲပြသသော ပန်းချီကားများကို နိုင်ငံအတွင်းမှ ၀ယ်ယူစု ဆောင်းမှုများထက် နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် သံရုံးများမှ ၀ယ်ယူမှု ပိုမိုများပြားသည်ဟု ရန်ကုန်မြို့ခံ ပန်းချီဆရာများထံမှ သိရသည်။
ယခု ၂၀၁၇ ခုနှစ်အတွင်း စုပေါင်းပန်းချီပြပွဲများနှင့် တစ်ကိုယ်တော်ပန်းချီပြပွဲများကို ရန်ကုန်မြို့တွင်း ကျင်းပပြုလုပ်မှုများပြားလာရာတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် သံရုံးများမှ မြန်မာ့ယဉ်ကျေးမှု ရုံးရာဓလေ့များကို ဖော်ကျူးရေး ဆွဲထားသော ပန်းချီကားများကို ပိုမိုရောင်းချရကြောင်း ပန်းချီဆရာတစ်ဦးက ပြောသည်။ “နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော်တဲ့ မြန်မာ့ရိုးရာအက၊ ဘုရားစေတီနဲ့ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ထားတဲ့ ပန်းချီကားတွေကို ပိုမိုဝယ်ယူ စုဆောင်းလာကြတယ်။ နိုင်ငံခြားသားတွေက ပန်းချီကားကို ၀ယ်ယူရာမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမှုရှိတဲ့အပြင် အွန်လိင်းကနေငွေချေပြီး သံရုံးကနေတစ်ဆင့် ၀ယ်ယူမှုတွေလည်း ပြုလုပ်ကြပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top