You are here
Home > Travel > မြန်မာ့ခရီးသွားကဏ္ဍ၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် မျှော်လင့်နေဟု တရုတ်သံ အမတ်ပြော

မြန်မာ့ခရီးသွားကဏ္ဍ၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် မျှော်လင့်နေဟု တရုတ်သံ အမတ်ပြော

မြန်မာ့ခရီးသွားကဏ္ဍ၌တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပေးရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြော သည်။
တရုတ်-မြန်မာနှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပြည် သူများအနေဖြင့် ကုန်းလမ်းမှ တစ်ဆင့် ၀င်ရောက်နိုင်ရေး၊ စောလျင်စွာ အကောင်အထည်ဖော် ရန်နှင့် နှစ်နိုင်င့်ရေလမ်း၊ ကုန်းလမ်း၊ေကြောင်းလမ်းများ ပိုမိုချောမွေစွာ ဆက်သွယ်နိုင်ရေးအတွက် အပြန်အလှန် အကောင်အထည်ဖော်ရန်မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ “မြန်မာနိုင်င်ဟာ သမိုင်းရှည်လျားပြီး ယဉ်ကျေးမှု မျိုးစုံရှိတဲ့အပြင် သယံဇာတပစ္စည်းများ ကြွယ်ဝမှုကလည်း ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းမွန် ပါတယ်။ မြန်မာ့ခရီးသွားကဏ္ဍမှာ တရုတ်ကုမ္ပဏီတွေ ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်အောင် သက် ဆိုင်ရာ ဥပဒေစနစ်တွေကို ပြုပြင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top