You are here
Home > Business News > ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်

မြန်မာ့ရေလုပ်ငန်းမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ယခင် ဘဏ္ဍာရေးနှစ်ကထက် တင်ပို့မှုတန်ချိန်နှင့် နိုင်ငံခြားဝင်ငွေ ပိုများနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၌ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော ငါးလုပ်ငန်းဆိုင်ရာ အပတ်စဉ်အစည်းအဝေးမှ သိရသည်။
ယခုဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလအထိ မြန်မာ့ရေလုပ်ငန်းမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၃၉ သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ပြည်ပ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိထားပြီး ဖြစ်ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ်ကုန် ဧပြီလ၌ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာ့ရေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ယခု ဘဏ္ဍာရေးနှစ်ပြီးဆုံးသွားရင် နောင်နှစ်အတွက် ကာလတို မွေးမြူနိုင်မယ့် ငါးအမျိုးအစားတွေကို ပြောင်းလဲမွေးမြူသွားဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့ တဲ့ ဘဏ္ဍာရေးနှစ်တုန်းက ရေထွက်ပစ္စည်းတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၅၀၂ သန်းကျော် ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၅၆၀ အထက်ရရှိဖို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top