You are here
Home > Business News > ပြည်ပသို့ ဆန်တင်ပို့မှု သင်တန်း ဖွင့်လှစ်မည်

ပြည်ပသို့ ဆန်တင်ပို့မှု သင်တန်း ဖွင့်လှစ်မည်

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု မြင့်တက်လာစေရန်အတွက် ဆန်ပြည်ပပို့မှုဆိုင်ရာ သင်တန်းကို နှစ်စဉ်ဒီဇင်ဘာလ၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
မြန်မာဆန်ကုန်သည်များ အနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပိုမိုအဆင်ပြေ စေရန်အတွက် အဆိုပါသင်တန်းကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းသင်ကြားပေးနေခြင်းဖြစ်ပြီး ယခုနှစ်၌ ပထမဆုံးသင်တန်း အပတ်စဉ် ၁ အဖြစ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၈၀ ကို သင်ကြားပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။ “ပြည်တွင်းဆန်ကုန်သည်တွေအနေနဲ့ ပြည်ပဆန်ဝယ်လက်တွေကို ချိတ်ဆက်ရှာ ဖွေခြင်း၊ သင်္ဘောတင်ခြင်း၊ လိုင်စင်လျှောက်ထားမှု စတဲ့ ဆန်တင်ပို့မှုဆိုင်ရာ လုပ်ငန်းတွေကို စာတွေ့၊ လက်တွေ့ ၃ လကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို နှစ်စဉ်ပို့ချပေးမှာ ဖြစ်ပြီး ယခုနှစ်မှာတော့ သင်တန်းအမှတ်စဉ် ၁ အနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top