You are here
Home > Business News > နွေသီးနှံစိုက်ပျိုးရေးအတါက် ကျပ် ၄.၂ ဘီလီယံ အသုံးပြုမည်ဟုဝန်ကြီးပြော

နွေသီးနှံစိုက်ပျိုးရေးအတါက် ကျပ် ၄.၂ ဘီလီယံ အသုံးပြုမည်ဟုဝန်ကြီးပြော

မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံများ စိုက်ပျိုးမှုအတွက် ပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၄.၂ ဘီလီယံ အသုံးပြုသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံစိုက်ပျိုးရာတွင် ဆည်မြောင်းများကို အားကိုး အားထားပြု၍ စိုက်ပျိုးလုက်ပိုင်ရခြင်းကြောင့် ဆည်မြောင်းများမှ စိုက်ပျိုးရေလုံလောက်စွာရရှိ ရေးအတွက် ဆည်မြောင်းများပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှားပါး သည့် ဒေသများတွင်စက်မရေတွင်းများ တူးဖော်လျက်ရှိကြောင်း ၎င်းက ပြောသည်။ “နွေရာသီစိုက်ပျိုးရေ ရရှိဖို့အတွက် ပြည်ထောင်စုသီးသန့်ရန်ပုံငွေက ချထားပေးတဲ့ ကျပ် ၄.၂ ဘီလီယံကို အကုန်အကျခံပြီး ဆည်မြောင်းတွေကနေ ရေရရှိအောင် ဆောင်ရွက်သွားမှာပါ။ မြောင်းပြင်ခြင်းလုပ်ငန်းအချို့တော့ ပြီးစီးနေပါပြီ။ စက်ရေတွင်းပေါင်း ၉၀၀ တူးဖော်နေတဲ့ လုပ်ငန်းကလည်း ၇၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဆည်မြောင်းတွေက ရေမရရင် စက်ရေတွင်းတွေက ရေရအောင်လုပ်ဆောင်သွားမှာပါ”ဟု ၀န်ကြီးကပြောသည်။

Leave a Reply

Top