You are here
Home > Travel > ငွေဆောင်ကမ်းခြေ၌ ရေငုတ်အပန်းဖြေမှု ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ

ငွေဆောင်ကမ်းခြေ၌ ရေငုတ်အပန်းဖြေမှု ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ

ငွေကမ်းခြေ၏ ပင်လယ်ရေအောက် ရှုခင်းများ ကြည့်ရှုနိုင်မည့် ရေငုတ်အပန်းဖြေ၀န်ဆောင်မှုတွင် ပြည်တွင်း ပြည်ပခရီးသည် ၇၅ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု Myanmar Drive Center ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Myanmar Dive Center ကုမ္ပဏီအနေဖြင့် ပင်လယ်ရေအောက်ရှုခင်းများကို ကြည့်ရှု နိုင်မည့် Scuba Diving ၀န်ဆောင်မှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ငွေဆောင်ကမ်းခြေတွင် ၀န်ဆောင်မှုပေးခဲ့ရာတွင် ယခင်က ပင်လယ်ရေအောက်ရှုခင်းကြည့် ရှုမှုသည် တစ်လလျှင် ၄ ကြိမ်ခန့်သာရှိသော်လည်း ၂၀၁၇ နှစ်ဆန်းမှ စ၍ တစ်ပတ်လျှင် ၄ ကြိမ်ခန့်အထိ မြင့်တက်လာကြောင်း ၎င်းက ပြောသည်။ “ပင်လယ်ရေအောက်ရှုခင်းကြည့်ရှုမှုအပေါ် စိတ်ဝင်စားမှု များလာတဲ့အတွက် မြိတ်ကျွန်းစုများ အနီးမှာလည်း ထပ်မံဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ Dive တစ်ခါလုပ်ရင် အနည်းဆုံး ၂ ဦးကနေ ၆ ဦးအထိ ရှိပါတယ်။ အရင်တုန်းက ပင်လယ်ရေအောက် ရှုခင်းတွေကို နိုင်ငံခြားသားတွေ လောက်ပဲ အများဆုံးပြုလုပ်လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာ ပြည်တွင်းက ခရီးသွားဧည့်သည်တွေပါ စိတ်ဝင်စားမှုမြင့်တက်လာတဲ့အတွက် တိုးချဲ့ဝန်ဆောင်မှုတွေ ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top