You are here
Home > Uncategorized > အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာဖော်ဆောင်နိုင်မှု မပြည့်မီဟုဆို

အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာဖော်ဆောင်နိုင်မှု မပြည့်မီဟုဆို

နိုင်ငံအတွင်း လိုအပ်နေသော အိမ်ရာကဏ္ဍကို ဖြည့်ဆည်းနိုင်ရန်အတွက် အစိုးရအ နေဖြင့် အိမ်ရာဖော်ဆောင်နိုင်မှုသည် မပြည့်မီသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်၌ ၂၀၃၀ ပြည့်နှစ်အတွင်း အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနေဖြင့် အိမ်ခန်းပေါင်း ၁ သန်းထုတ်လုပ်နိုင်ရန်လျာထားခဲ့သော်လည်း ယင်းအစိုးရ ၏ ၅ နှစ်စာသက်တမ်းကာလအတွင်း လျာထားချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိ ကြောင်း၊ စီမံကိန်းအရ ၅ နှစ်အတွင်း ထုတ်လုပ်နိုင်မှုသည် အနည်းဆုံးအိမ်ခန်း ပေါင်း ၂ သိန်းမှ ၃ သိန်း အထိ ထုတ်လုပ်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးသာဋ္ဌေးက ပြောသည်။ “ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အရ ၂၀၃၀ မှာ အိမ်ခန်းပေါင်း ၁ သန်း ထုတ်လုပ်နိုင်ဖို့ဆိုရင် လျာထားတဲ့ နှစ်တွေမှာ ပြည့်မီအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ပျှမ်းမျှအားဖြင့် ၅ နှစ်ကြာ သက်တမ်း ၄ ကြိမ်မှာ တစ်ကြိမ်ကို ၂ သိန်းကျော် ၃ သိန်းလောက် ထုတ်နိုင်မှ လျာထားချက်ပြည့်မီမှာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ၅ နှစ်ကြာ အစိုးရသက်တမ်းတစ်ခုမှာတော့ ပြည့်မီအောင်ဆောင်ရွက်နိုင်မှု မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

Leave a Reply

Top