You are here
Home > Business News > အာရှဒေသအတွင်း နေထိုင်ရန်အသင့်တော်ဆုံး စာရင်းတွင် စင်္ကာပူထိပ်ဆုံး၌ရပ်တည်

အာရှဒေသအတွင်း နေထိုင်ရန်အသင့်တော်ဆုံး စာရင်းတွင် စင်္ကာပူထိပ်ဆုံး၌ရပ်တည်

စင်္ကာပူနိုင်ငံသည် ကမ္ဘာလှည့်နေထိုင်သူများနှင့် ဇာတိနိုင်ငံများကို စွန့်ခွာလာခဲ့သူများ အတွက် အခြေချနေထိုင်ရန် အာရှတိုက်အတွင်းအသင့်တော်ဆုံးမြို့ဖြစ်ကြောင်း အမေရိကန်အခြေစိုက် လူ့စွမ်းအားအရင်းအမြစ်အတိုင်ပင်ခံအဖွဲ့အစည်း Mercer မှ ပြုလုပ်သော စစ်တမ်းတွင်ဖော်ပြသွားခဲ့သည်။
Mercer အဖွဲ့၏ ၁၉ ကြိမ်မြောက်နှစ်ပတ်လည် လူမှုဘ၀နေထိုင်မှု အဆင့်အတန်းဆိုင်ရာ စစ်တမ်းတွင် အာရှဒေသအတွက် စင်ကာပူနိုင်ငံက ထိပ်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုတွင် အဆင့် ၂၅ နေရာတွင် ရှိနေခဲ့သည်။ စင်ကာပူ၏နောက်တွင် တိုကျို၊ ကိုဘီ၊ ယိုကိုဟားမားနှင့် အိုဆာကာမြို့များက အစဉ်လိုက်ရပ်တည်ခဲ့ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်မှု ၄၇၊ ၅၀၊ ၅၁ နှင့် ၆၀ အသီးသီးရှိ ကြောင်း သိရသည်။ Mercer မှ ပြုလုပ်သော စစ်တမ်းတွင် ကမ္ဘာ့အဆင့်ထိပ်ဆုံး၌ ရပ်တည်ခဲ့ သော မြို့မှာ သြစကြတီးယားနိုင်ငံ၊ ဗီယင်နာမြို့ဖြစ်ပြီး ၎င်း၏ နောက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့နှင့် နယူးဇီလန်မှ အုတ်ခ်လန်းမြို့တို့က အဆင့် ၂ နှင့် ၃ နေရာများတွင် ရပ်တည်ခဲ့ကြ သည်။
အာရှအဆင့်၌ နေထိုင်မှုအဆင့်အတန်းအမြင့်မာဆုံး၌ စင်ကာပူရပ်တည်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ အခြေခံအဆောက်အဦးကောင်းမွန်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြည်သူ့ လုံခြုံမှုနှင့် ၀န်ဆောင်မှုများကောင်းမွန်သည့် အချက်များကြောင့်ဖြစ်သည်။

Leave a Reply

Top