You are here
Home > Business News > တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၃၀ ခန့် ၀င်ရောက်

တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၃၀ ခန့် ၀င်ရောက်

နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဇန်နာဝါရီလကုန်အထိ ဒေါ်လာ ၆၉၅၃၆.၃၇၀ သန်းဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီတစ်လတည်း တွင် ဒေါ်လာ ၂၂၉.၀၀၃ သန်းခန့် ၀င်ရောက်ခဲ့ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ်၏ လက်ရှိနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာ စုစုပေါင်းသည် ဒေါ်လာ ၆၉၆၇၆၅.၄၀၃ သန်းခန့်ရှိနေသည်ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၉ ဘီလီယံကျော် ခွင့်ပြုထားရာတွင် တရုတ်နိုင်ငံမှ ပမာဏအများဆုံး ၀င်ရောက်ရင်းနှီးမြှုပ်နှံထားပြီး စင်္ကာပူနိုင်ငံမှ ဒုတိယအများဆုံး ၀င်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ၅ နှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေးစီမံချက်များ အား ပူးပေါင်းဆောင်ရွက်မှုဖြင့် ကူးပြောင်းစေရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများ အကျိုးကျေးဇူးဖြစ်ထွန်းစေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာဖို့အတွက် ကန့်သတ်နေတဲ့ပြဋ္ဌာန်းချက်တွေကို ပြန်လည်စိစစ်ပြီး လုပ်ငန်းထူထောင်ရာမှာ ကုန်ကျစရိတ်များပြားနေတဲ့ မြေယာဈေးနှုန်းနဲ့ လုပ်ငန်းအခက်အခဲ တွေကို လျှော့ချနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top