You are here
Home > Travel > စစ်တွေလေဆိပ်ကို မတ်လအကုန်၌ ဖွင့်လှစ်မည်

စစ်တွေလေဆိပ်ကို မတ်လအကုန်၌ ဖွင့်လှစ်မည်

လေယာဉ် ၆ စီးအထိ တစ်ပြိုင်နက်တည်း ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သော ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အဆောက်အအုံသစ်ကို လာမည့် မတ်လအကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းဦးစီးဌာနစံချိန်စံညွှန်းနှင့် ဘေးအန္တရာယ်ကင်း ရှင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။
စစ်တွေလေဆိပ်၌ အထွက်ခရီးသည် ၁၀၀ နှင့် အ၀င်ခရီးသည် ၅၀ ကျော်သာ တစ်ပြိုင်တည်း ၀န်ဆောင်မှုပေးနိုင်ခဲ့သော်လည်း အဆင့်မြှင့်တင်ထားသည့် လေဆိပ် အဆောက်အအုံသစ် ဖွင့်လှစ်ပြီးပါက အထွက်ခရီးသည် ၂၀၀ နှင့် အ၀င်ခရီးသည် ၂၀၀ တို့ကို တစ်ပြိုင်တည်း စီမံခန့်ခွဲ၍ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “စစ်တွေ လေဆိပ်မှာ လေယာဉ် ၂ စီးကိုပဲ စီမံခန့်ခွဲမှုလုပ်နိုင်ပါသေးတယ်။ အဆင့်မြှင့်တင်ထားတဲ့ အဆောက်အအုံသစ်ဖွင့်လှစ်ပြီးရင်တော့ လေယာဉ် ၆ စီးလောက်အထိကို တစ်ပြိုင်တည်း စီမံ ခန့်ခွဲဖို့ လုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ လေဆိပ် အဆောက်အအုံသစ်ကို မတ်လကုန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်။ လေဆိပ်အဆောက်အုံသစ်မှာ ခရီးသည်တွေ လုံခြုံရေးအတွက် X-ray စက်တွေ CCTV တွေ ထားရှိပေးမှာဖြစ်ပြီး ဖျော်ဖြေရေးအတွက် TV တွေနဲ့ အဲကွန်းစနစ် တွေကိုပါ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ခရီးသည်တွေ အားလုံး ဘေးကင်းလုံခြုံမှုရှိပြီး အဆင်ပြေစေဖို့ အဆင့်မြှင့်တင်ထားပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top