You are here
Home > Business News > မြ၀တီနယ်စပ်၌ အလိုအလျောက် အကောက်ခွန် ရှင်းလင်းရေးစနစ်ကျင့်သုံးမည်

မြ၀တီနယ်စပ်၌ အလိုအလျောက် အကောက်ခွန် ရှင်းလင်းရေးစနစ်ကျင့်သုံးမည်

မြ၀တီနယ်စပ်၌ အလိုအလျောက်အကောက်ခွန်ရှင်းလင်းရေးစနစ်ကို လာမည့် ၂၀၁၈ ခုနှစ်အတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဟု MACCS ဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အလိုအလျောက်အကောက်ခွန်ရှင်းလင်းရေးစနစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ရန်ကုန်ဧရိယာအတွင်းရှိ ပင်လယ်ရေကြောင်းမှ ၀င်ရောက်လာသော ကုန်သည်များအတွက် အခွန်ကောက်ယူမှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း ၎င်းက ပြောသည်။ “မြ၀တီနယ်စပ်၌ အလိုအလျောက်အကောက်ခွန်ရှင်းလင်းရေး စနစ်ကို ကျင့်သုံးနိုင်ရန်အတွက် စတင်ကွင်းဆင်းလေ့လာသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ အလိုအလျောက်အကောက်ခွန်ရှင်းလင်းရေးစနစ်စတင်ကျင့်သုံးတဲံ ၃ လကျော်ကြာကာလ အတွင်းမှာ အသုံးပြုသူ ၁၆၀၀ ကျော်ရှိပါပြီ။ မြ၀တီနယ်စပ်ကို တိုးချဲ့ပြီးရင်တော့ အခြားနယ်စပ်တွေကိုလည်း တိုးချဲ့မှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top