You are here
Home > Business News > ပြည်ပမှ လက်ဖက်အချိုခြောက်များကို FDA ခွင့်ပြုချက်ဖြင့် ဈေးကွက်ဖြန့်ချိသင့်ဟုဆို

ပြည်ပမှ လက်ဖက်အချိုခြောက်များကို FDA ခွင့်ပြုချက်ဖြင့် ဈေးကွက်ဖြန့်ချိသင့်ဟုဆို

နိုင်ငံတကာဈေးကွက်၌ ဈေးကောင်းရနေသော လက်ဖက်အချိုခြောက်များကို နိုင်ငံအတွင်းသို့ ဈေးပေါပေါဖြင့် ၀င်ရောက်လာမှုအပေါ် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ အသိအမှတ်ပြု (FDA) ခွင့်ပြုချက် ရရှိပြီးမှသာ ဈေးကွက်ဖြန့်ချိသင့်သည်ဟု မြန်မာလက်ဖက်အစုအဖွဲ့၊ ဘဏ္ဍာရေးမှူး သီးဝင်းနိုင်က ပြောသည်။
မြန်မာလက်ဖက်အစုအဖွဲ့၏ ပြည်တွင်းလက်ဖက်အချိုခြောက်ထုတ်လုပ်ရာတွင် တစ်နှစ်လျှင် တန်ချိန် ၅၀၀၀ ၀န်းကျင်ထုတ်လုပ်လျက်ရှိသော်လည်း ဈေးနှုန်းမြင့်တက်နေမှု ကြောင့် ပြည်ပမှ လက်ဖက်အချိုခြောက်ဝင်ရောက်မှု ရှိနေသည်ဟု ၎င်းက ပြောသည်။ “ပြည်တွင်းလက်ဖက်အချိုခြောက်ထုတ်လုပ်မှုမှာ တောင်ပေါ်လုပ်သားရှားပါးမှု၊ သယ်ယူပို့ဆောင်မှု၊ စိုက်ပျိုးနည်းစနစ်အခက်အခဲရှိမှု စတာတွေကြောင့် ဈေးနှုန်းမြင့်တက်နေ တယ်။ ဒါကြောင့် ပြည်ပက ဈေုးအချိုချိုနဲ့ လက်ဖက်အချိုခြောက်ဝင်ရောက်မှုနှုန်းက ပြည်တွင်း လက်ဖက်အချိုခြောက်ရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင်အထိ အစားထိုးဝင်ရောက်နေတယ်” ဟု လက်ဖက်ကုန်သည်တစ်ဦးက ပြောသည်။

Leave a Reply

Top