You are here
Home > International News > အာရှ၏ ဆောက်လုပ်ရေး ကုန်ကျစရိတ် အမြင့်မားဆုံးမြို့များ စာရင်းတွင် စင်္ကာပူ အဆင့် ၃ ၌ ရပ်တည်နေ

အာရှ၏ ဆောက်လုပ်ရေး ကုန်ကျစရိတ် အမြင့်မားဆုံးမြို့များ စာရင်းတွင် စင်္ကာပူ အဆင့် ၃ ၌ ရပ်တည်နေ

အိမ်ခြံမြေဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး အာရှ၏တန်ဖိုးအကြီးဆုံးမြို့တော်များ စာရင်းတွင် စင်္ကာပူနိုင်ငံမက တတိယနေရာ၌ရပ်တည်နေဆဲဖြစ်ကြောင်း နိုင်ငံတကာဗိသုကာဒီဇိုင်းနှင့် အတိုင်ပင်ခံအဖွဲ့ Arcadis မှ ထုတ်ပြန်သော စစ်တမ်းတစ်စောင် တွင် ဖော်ပြသွားခဲ့သည်။
Arcadis သည်ပြီးခဲ့သောအပတ်က နိုင်ငံတကာမြို့ကြီးများ၏ ဆောက်လုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်အညွှန်းကိန်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အာရှတွင် ဟောင်ကောင်၊ မကာအိုနှင့် စင်္ကာပူတို့က ထိပ်ဆုံး ၃ နေရာတွင် ရပ်တည်ခဲ့ကြသည်။ သိုရရာတွင် ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းတွင်တော့ စင်္ကာပူသည် ဆောက်လုပ်ရေးကုန်ကျစရိတ်အဆင့် ၁၅ တွင်သာရပ် တည်ခဲ့ပြီး လွန်ခဲ့သော နှစ်ကထက် ၂ ဆင့်ကျဆင်းသွားခဲ့ကြောင်းသိရသည်။ Arcaids ၏ ဖော်ပြချက်အရ စင်္ကာပူသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း စီးပွားရေးပြန်လည်ဦးမော့လာခဲ့သဖြင့် ဆောက်လုပ်ရေး ဆိုင်ရာကုန်ကြမ်းထောက်ပံ့တင်သွင်းမှုများရရှိလာကာ တန်ဖိုးအကြီးဆုံး စာရင်းမှ တဖြည်းဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြည်သူပိုင် အဆောက်အဦများနှင့် အိမ်ယာများဆောက်လုပ်ရာတွင်လည်း ကုန်ကျစရိတ်မှာ ပိုမိုတည်ငြိမ် လာခဲ့ပြီဖြစ်သည်။ လက်ရှိ ၂၀၁၇ ခုနှစ်အတွက် စင်္ကာပူနိုင်ငံ၏ ဆောက်လုပ်ရေးကုန်ကျစရိတ် မှာ ခန့်မှန်းချေအားဖြင့် ဒေါ်လာ ၂၇ ဘီလီယံမှ ၃၂ ဘီလီယံ အတောအတွင်း ရှိနိုင်ကြောင်း Arcadis မှ ဖော်ပြခဲ့သည်။

Leave a Reply

Top