You are here
Home > Car News > အပ်ကုန်စနစ်ဖြင့် တင်သွင်းသောကားများ မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်

အပ်ကုန်စနစ်ဖြင့် တင်သွင်းသောကားများ မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်

ကားအရောင်စင်တာများမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းခဲ့သော ကားအစီးရေ ၇၀၀၀ ကျော်ခန့် ရှိပြီး ယင်းကားများကို လာမည့်ဇွန်လကုန်အထိ မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရးမှူးချုပ် ဦးမင်းမင်းက ပြောသည်။
အပ်ကုန်စနစ်ဖြင့် ပါမစ်ကားများကို နောက်ဆုံးသက်တမ်းတိုးပေးထားသော ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ မရောင်းချနိုင်ပါက ဆင်လက်ခွင့်ြုပုတော့မည် မဟုတ်ကြောင်း၊ အပ်ကုန်စနစ်ကားများကို ပြီးခဲ့သည့် ဖောဖော်ဝါရီလ၌ နှစ်ကြိမ်ထက်မနည်း သက်တမ်းတိုးခွင့် ပြုခဲ့ပြီးဖြစ်ခြင်းကြောင့် ယခုဇွန်လ ပြီးဆုံးပါက သက်တမ်းတိုးခွင့်ပြုတော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ “အပ်ကုန်စနစ်နဲ့ ရောင်းချဖို့ တင်သွင်းလာတဲ့ကားတွေကို လုပ်ငန်းရှင်အချို့ ကတော့ အစိုးရအဖွဲ့ကို လှူဒါန်းတာတွေ၊ လျှော့ဈေးနဲ့ ရောင်းချတာတွေ ပြုလုပ်နေပါပြီ။ စလစ် ဈေးကလည်း ထင်သလောက်မကျတော့ စလစ်ကပ်ပြီးရောင်းဖိုကလည်း အခက်အခဲဖြစ်နေ တယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top