You are here
Home > International News > ဗီယက်ဗီယက်နမ်မှ ဘီကီနီလေကြောင်းလိုင်း၏တန်ဖိုးက နိုင်ငံပိုင်လေကြောင်းထက်သာလွန်

ဗီယက်ဗီယက်နမ်မှ ဘီကီနီလေကြောင်းလိုင်း၏တန်ဖိုးက နိုင်ငံပိုင်လေကြောင်းထက်သာလွန်

ဗီယက်နမ်နိုင်ငံမှ စရိတ်သက်သာလေကြောင်းလိုင်းတစ်ခုဖြစ်သော VietJet ၏ ဈေးကွက် တန်ဖိုးမှာ ဟိုချီမင်းစတော့ အိတ်ချိန်းဈေးကွက်သို့ စာရင်းတင်ပြီး တစ်ပတ်အကြာ တွင် လျင်မြန်စွာမြင့်တက်လာခဲ့ပြီး ဗီယက်နမ်အစိုးရပိုင်လေကြောင်းလိုင်း Vietnam Airlines ၏ ဈေးကွက်တန်ဖိုးကို ကျော်လွန်သွားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြသွားခဲ့သည်။
VietJet သည် ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ဗီယက်နမ်လေကြောင်းလိုင်း ဖြစ်ပြီး ၎င်းတို့၏လေယာဉ်မယ်များမှာ ဘီကီနီများဝတ်ဆင်ကာ လေယာဉ်ပေါ်တွင် ၀န်ဆောင်မှု ပေးသဖြင့် ဗီယက်နမ်၏ဘီကီနီလေကြောင်းလိုင်းဟုလည်း လူသိများသည်။ ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ဈေးကွက်တန်ဖိုးများအရ VietJet ၏ တန်ဖိုးမှာ ဒေါ်လာ ၁.၈ ဘီလီယံရှိခဲ့ပြီး ဒေါ်လာ ၁.၇ ဘီလီယံတန်ဖိုးရှိသော ပြိုင်ဘက် Vietnam Airlines ထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ ထို့အပြင် VietJet လေကြောင်းလိုင်း၏ ရှယ် ယာတစ်စုတန်ဖိုးမှာ ၆.၀၃ ဒေါ်လာ ပေါက်ဈေးရှိကြောင်းလည်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ခရီးသွားလာရေးဈေးကွက်မှာလည်း အာရှပစိဖိတ်ဒေသတွင် တိုးတက်မှုအမြန်ဆုံးဈေးကွက်တစ်ခုဖြစ်လာနေသလို Vietjet မှာလည်း ပြည်တွင်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ရရှိထားကြောင်းလည်း သိရသည်။

Leave a Reply

Top