You are here
Home > Business News > မူဆယ်နယ်စပ်ကုန်သွယ်ရေး သန်း ၅၀၀ ခန့် လျော့ကျ

မူဆယ်နယ်စပ်ကုန်သွယ်ရေး သန်း ၅၀၀ ခန့် လျော့ကျ

ယခုဘဏ္ဍာရေးနှစ်၏ ၁၁ လကြာကာလအတွင်း အမေရိကန် ဒေါ်လာ ၄. ၃ ဘီလီခန့် သာ ကုန်သွယ်နိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် လျော့ကျလာသည်ဟု ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးစိုးညွှန့်က ပြောသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း၌ ကုန်သွယ်မှုလျော့ကျခဲ့ခြင်းသည် ပြီးခဲ့သည့် နိုဝင် ဘာလတွင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင်း ယင်းကာလတွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့သည်ဟု ၎င်းက ပြောသည်။ “နိုင်ဝင်ဘာလထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တော့ ကုန်သွယ်ရေး အတော်လေးထိ လာခဲ့တယ်။ နောက်တစ်ခုက ကားလမ်းကျပ်တည်းမှုကလည်း ကုန်စည်စီးဆင်းမှုကို အများကြီး ထိခိုက်စေတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ရဲ့ ၁၁ လအတွင်းမှာ ဒေါ်လာ ၄.၈ ဘီလီ ယံ ကုန်သွယ်နိုင်ပေမယ့် ဒီနှစ်မှာတော့ ၄.၃ ဘီလီယံအထိပဲ ကုန်သွယ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top