You are here
Home > Business News > ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်နှံခြင်းလုပ်ငန်းကို အခမဲ့ဝန်ဆောင်မှုစတင်

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်နှံခြင်းလုပ်ငန်းကို အခမဲ့ဝန်ဆောင်မှုစတင်

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်နှံရန် ဆောင်ရွက်ထားသည့် ကန်ထရိုက်စနစ်ကို ဖျက်သိမ်း၍ မတ်လ ၁ ရက်နေ့မှ စတင်ကာ အခမဲ့ ၀န်ဆောင်မှု စနစ်ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်ကြည်ညိုရာတွင် ဖိနပ်အပ်နှံရန် တစ်ရံလျှင် ကျပ် ၅၀ သတ်မှတ်ထားသော်လည်း ကျပ် ၁၀၀ ကောက်ခံနေခြင်းကြောင့် ၀န်ကြီးဌာနသို့ တိုင် ကြားမှုများ ရှိလာသည်ဖြစ်၍ ယင်းစနစ်ကို ဖျက်သိမ်းပြီး အခမဲ့ဝန်ဆောင်မှုပေးရန် ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။ “လက်ရှိကန်ထရိုက်က အဆင်မပြေတဲ့အတွက် သူတို့ အပ်နှံထားတဲ့ငွေကို ပြန်လည်ပေးအပ်ပြီး အခမဲ့ ၀န်ဆောင်မှုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ စေတီတော်မှ ဖိနပ်အပ်ရန် လက်ခံတဲ့ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းထားတဲ့အပြင် သန့်စင်ခန်း အသုံးပြုမှု ကောက်ခံခြင်း ကန်ထရိုက်စနစ်ကိုလည်း ဖျက်သိမ်းထားတယ်။ သန့်စင်ခန်းအသုံးပြုမှုကို အလှူခံပုံးထားရှိခြင်းဖြင့်သာ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top