You are here
Home > Business News > ကျေးလက်ကျန်းမာရေးဌာန ၈၂ ခုကို ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးမည်

ကျေးလက်ကျန်းမာရေးဌာန ၈၂ ခုကို ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးမည်

ထောင်စုနှစ်ရည်မှန်းချက် ၃ မျိုးရန်ပုံငွေအဖွဲ့ (3mdg) မှ တည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၈၂ ခုကို ယခုနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
3MDG အဖွဲ့အနေဖြင့် 2014 ခုနှစ်မှ စတင်၍ အခြေခံကျန်းမာရေးအဆောက်အအုံများ ဆောက်လုပ်ရေး စီမံချက်ဖြင့် ဆင်းရဲနွမ်းပါးသည့် ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရန်နှင့် သွာားရခက်ခဲသော ဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုကောင်း မွန်လာစေရန် ပံ့ပိုးကူညီမှုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီကျန်းမာရေးဌာနတွေက ကျေးလက်ဒေသက လူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုတွေ ပေးရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကျေးလက်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ပံ့ပိုးပေးခဲ့ပေမယ့် ဆက်ပြီးပံ့ပိုးပေးဖို့ အများကြီးရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top