You are here
Home > Uncategorized > အာဆီယံ ၁၀ နိုင်ငံအတွက် SMEs မူဝါဒစာအုပ် ထုတ်ဝေမည်

အာဆီယံ ၁၀ နိုင်ငံအတွက် SMEs မူဝါဒစာအုပ် ထုတ်ဝေမည်

အာဆီယံ ၁၀ နိုင်ငံအတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဒုတိယအကြိမ်မြောက် SMEs မူဝါဒဆိုင်ရာ အညွှန်းကိန်းစာအုပ်ကို လာ မည့် ၂၀၁၈ ခုနှစ်၌ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံ ၁၀ နိုင်ငံ၏ မူဝါဒဆိုင်ရာ အညွှန်းကိန်းစာအုပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စာအုပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။ “မြန်မာနိုင်ငံရဲ့ SMEs မူဝါဒရေးဆွဲသူတွေးရဲ့ မူဝါဒတွေ၊ နည်းဗျူဟာ တွေအောင်မြင့်မှုရှိလားဆိုတာကို ရရှိတဲ့အချက်အလက်အပေါ် မူတည်ပြီး ရမှတ်တွေနဲ့ အတူ ထည့်သွင်းရေဆွဲသွားမှာပါ။ ဒီစာအုပ်မှာ အာဆီယံ ၁၀ နိုင်ငံလုံးရဲ့ SMEs ကဏ္ဍနဲ့ ပတ်သက်ပြီး ထည့်သွင်းရေးဆွဲသွားမှာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားသော SMEs လုပ်ငန်းပေါင်း ၅၉၀၀၀ ကျော်ရှိကြောင်း သိရသည်။

Leave a Reply

Top